Extra ...

1K 85 10
                                    

Unicode

Warning ⚠️ 🔞( 18နှစ်မပြည့်ရင်မဖတ်ပါနဲ့လို့ပြောချင်သော်လည်း ဖတ်မှာဘဲမို့လား🌚)

အတိတ်တွေကို ပြန်အမှတ်ရသွားတဲ့ကောင်လေးနှစ်ယောက်ဟာ မြို့စားမင်းတို့အတွဲဖြစ်ခဲ့စဉ်ကထက်ပင် ပိုလို့ကဲသဲကြပါသည်။

အဖိုးအခန်းထဲက ကြေးမုံမှန်ကြီးကို ရိပေါ့်အခန်းထဲမှာထားလိုက်ပြီး ပိုင်စိုးပိုင်နင်းနဲ့ရှောင်းကျန့်ကပါ ရိပေါ့်အခန်းထဲမှာလာနေတယ်။

တစ်ယောက်အိပ်ကုတင်လေးဘဲထားတဲ့အခန်းလေးက အခုဆိုကုတင်အကြီးကြီးတစ်ခုကြောင့် ပြည့်ကြပ်လို့

ကြေးမုံမှန်ကြီးကိုတော့ ကုတင်ဘေးခေါင်းရင်းနားမှာဘဲထားပြီး ထိုမှနေကြားရမြင်ရတဲ့ သူတို့နှစ်ယောက် ချစ်ကြည်နူးစဉ်ကအကြောင်းတွေကိုပြန်ပြန်ပြောကြပြီး မှေးစက်ခဲ့တဲ့နေ့တွေကလည်း များပြီ

အခုလည်း မှန်ရှေ့နှစ်ယောက်သားရပ်နေကြပြီး

"အဲ့နေ့ကိုမှတ်မိသေးလား ကိုယ့်သည်းညှာလေး"

မှန်ထဲဝယ် မြို့စားမင်းနဲ့ဝမ်သခင်လေးက ဝတ်စုံအပြည့်ဖြင့် လက်တွဲလို့ မြို့တော်က တစ်နှစ်တစ်ခါကျင်းပလေ့ရှီတဲ့ ပွဲဈေးကြီးထဲလျှောက်လည်နေကြလေတယ်။

ထိုနေ့ကအကြောင်းတွေအကုန်လုံးကိုမှတ်မိနေပေမယ့်လည်း....

"စမ်းတဝါးဝါးဘဲ သေချာမမှတ်မိတော့ဘူး"

သူ့အဖြေကိုမကျေနပ်တဲ့ ရှောင်းကျန့်မျက်နှာဟာ မဲမှောင်သွားပြီး အကြည့်တွေဟာလည်း မျက်လုံးထဲကနေသာလေဆာတွေထွက်မယ်ဆို ရိပေါ်ပြာကျနေလောက်ပြီ

ဘေးချင်းယှဉ်ရပ်နေရာမှ နောက်ကျောဘက်ကိုရောက်လာပြီး ခါးမှနေလက်တစ်ဖက်ဖြင့်ထွေးပွေ့လိုက်ကာ ကျန်တစ်ဖက်က မေးအောက်ကနေဆွဲကိုင်ကာ သူ့ဘက်ကိုလှည့်စေတယ်။

"မမှတ်မိဘူးပေါ့လေ အဟွန်း!"

နှုတ်ခမ်းချင်းထိရုံမျှတစ်ချက်ထိကပ်လိုက်ပြီး သူ့မျက်နှာကို မှန်ရှီရာဘက် ပြန်လှည့်ပေးလာသည်။

"ကိုယ့်သည်းညှာလေးက မှတ်ဉာဏ်သိပ်မကောင်းဘူးဆိုတော့ ပြန်မှတ်မိအောင် အဲ့ကကြည့်မလား အပြင်မှာလက်တွေ့ပြန်ပြပေးရမလား"

Mirror Where stories live. Discover now