Mirror ... 5

1K 100 14
                                    

Unicode

ရုတ်တရက်  .... ရိပေါ့်ကိုလက်က ဆောင့်ဆွဲလို့ နှုတ်ခမ်းချင်း ဂဟေစပ်လိုက်ပါတော့သည်။

ထိရုံထိထားတဲ့ နှုတ်ခမ်းပါးနှစ်ခုဟာ ရိပေါ့်အတွက်တော့ အသက်ရှုတောင်ရပ်တန့်သွားစေတယ်။ စက္ကန့်ပိုင်းလောက် အသက်အောင့်ထားမိပြီး ရှောင်းကျန့် နှုတ်ခမ်းတွေလှုပ်ရှားလာတဲ့အခါမှာ ပြူးကျယ်လာတဲ့ မျက်ဝန်းအိမ်

သူ့ခါးပေါ်ရောက်လာတဲ့ လက်တဖက်နဲ့အတူ နောက်တဖက်ဟာလည်း သူ့မျက်နှာကို ထိန်းချုပ်ထားလေတယ်။ရုန်းဖို့မေ့သွားရသည်အထိ တအံ့တဩဖြစ်နေမိသည်မှာ မိနစ်ပိုင်းလောက်...

အပေါ်အောက်သေချာစုပ်ယူစားသုံးနေတာ အချိန်တစ်ခုကြာလာချိန်မှာတော့ ရှောင်းကျန့် ရင်ဘတ်ကိုထုလို့ တွန်းထုတ်လိုက်သည်။

"မင်း ဘာလုပ်တာလဲ!"

သူ့အမေးကိုပြန်မဖြေဘဲ အနမ်းကိုပြန်ဆက်လာတာကြောင့် ရိပေါ်က ထပ်တွန်းထုတ်ပြီး

"အွန်းးး ဖယ်!"

အတင်းတွန်းလွှတ်လိုက်တဲ့အခါ သူ့လက်တွေကို ထိန်းချုပ်လာပြီး နဖူးချင်းထိကပ်ကာ

"မင်းဘဲ အားထုတ်မှုတခုခုရှီရမယ်ဆို မင်းလိုချင်တာ ပေးနေတာလေ  ပြွတ်စ်!"

တမင်အသံမြည်အောင် ဆွဲစုပ်လို့ အနမ်းရှည်တခုကိုဖန်တီးဖို့ကြံရွယ်တယ်။

"လွှတ် အင့်"

ရိပေါ်ကလည်း ယောက်ျားလေးတစ်ယောက်ဘဲမို့ ကြာကြာမထိန်းချုပ်နိုင်တာကြောင့် ရှောင်းကျန့်တယောက် ရိပေါ်ကိုယ်ကိုနောက်ကိုဆုတ်စေပြီး နောက်မှာရှီနေတဲ့ သစ်ပင်ကို ကျောကပ်စေလိုက်ကာ အနမ်းကိုဆက်သည်။

လျှာဖျားနဲ့တို့ထိကာ ဝင်ခွင့်တောင်းပေမယ့် တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းကြောင့် သူ့ရဲ့ယုန်သွားတွေကို သုံးလို့ ကိုက်ချလိုက်သည်။
နာကျင်မှုကြောင့် ပွင့်အာလာတဲ့နှုတ်ခမ်းပါးနှစ်လွှာကြား သူလျှာဖျားကိုတိုးဝင်လို့ french kissကိုပုံဖော်တယ်။

အစပိုင်းမှာငြင်းဆန်နေတဲ့ ရိပေါ်ဟာ ရှောင်းကျန့်ရဲ့ကျွမ်းကျင်မှုကို မလွန်ဆန်နိုင်စွာ မျက်လုံးစုံမှိတ်လို့ စီးမြောလိုက်ပါတော့သည်။

Mirror Where stories live. Discover now