Mirror ... 4

1K 98 31
                                    

Unicode

အထည်စက်ရုံကြီးကို လေ့လာရေးအနေနဲ့ ရှောင်းကျန့်ကဦးဆောင်ပြီးလိုက်ပြပေးတယ်။

ဖိုးဖိုးပိုင်တဲ့ အထည်စက်ရုံဆိုတာ သေးသေးလေးတော့မဟုတ်နေဘူး။ အထည်အတွက်လိုအပ်တဲ့ချည်တွေရဖို့ ကိုယ့်လက်နဲ့ပျိုးပြီးရတာမျိုး..

ဥပမာ အားဖြင့်ဆို ဝါးချည်နဲ့ချုပ်မယ်ဆို ထိုဝါးချည်ရဖို့ ဝါးပင်ကို ကိုယ်တိုင်စိုက်ပျိုးတာမျိုးပေါ့။
ဒီလိုအသေးစိတ်ကအစ သေချာဂရုပြုထားပုံကိုကြည့်ရရင် ဖိုးဖိုးဟာ ဒီလုပ်ငန်းအပေါ်ဘယ်လောက်တောင် အလေးထားလည်းဆိုတာမြင်ရတယ်။

ဒါတင်လားဆို မဟုတ်သေးပြန်ဘူး။ ချုပ်လုပ်တဲ့ပိုင်းမှာလည်း ဝန်ထမ်းအမြောက်အမြားကိုခေါ်ယူထားပြီး ခေတ်နဲ့အညီမတူညီတဲ့ ဒီဇိုင်းတွေကို ပုံဖော်နိုင်ဖို့လည်း ထူးချွန်ဒီဇိုင်းပညာရှင်တွေကိုလည်းခေါ်ထားပါသေးသည်။

စိုက်ခင်းတွေဘက်မှာလည်း လုပ်သားများစွာရှီတာမို့ ဒီလုပ်ငန်းကြီးတခုလုံးကို ဖိုးဖိုးတယောက်ထဲ ထိန်းချုပ်သွားတာ တော်တော့်ကို ချီးကျူးစရာကောင်းလွန်းတယ်။

ဖိုးဖိုးက သူ့စက်ရုံကထွက်လာတဲ့ ဒီဇိုင်းအသစ်တွေကို ကုမ္ပဏီကြီးတခုထောင်ပြီး Brand အနေနဲ့ ဖက်ရှင်လောကမှာပါ ရပ်တည်စေခဲ့သေးတယ်။
ပြီးတော့ သူနဲ့အမြဲတစေ ပူးတွဲလုပ်ဆောင်တတ်တဲ့ တွဲဖက်ကုမ္ပဏီရှီသေးတယ်လို့လည်းကြားထားသေးသည်။

X.Zဆိုလားဘဲ မသေချာသေးပေမယ့်လည်း ဝန်ထမ်းတော်တော်များများကပြောနေကြတာမို့ ကြားလိုက်ခြင်း ...

"ရှောင်းကျန့်"

သူ့ရှေ့ကနေ လျှောက်လို့ အထည်ချုပ်လုပ်တဲ့ နေရာအကြောင်းကိုရှင်းပြနေတဲ့သူအားခေါ်လိုက်တော့ မျက်မှောင်ကျုံပြီးကြည့်လာတယ်။

"ဘာလဲ"

"မေးချင်တာရှီလို့"

"ပြော"

ဟိုရက်က ကိစ္စကိုအခဲမကျေဖြစ်နေသေးသည်မို့ စကားပြောတာက မာဆတ်ဆတ်

"ဖိုးဖိုးနဲ့အတူလုပ်တဲ့ တွဲဖက်ကုမ္ပဏီရှီသေးတယ်ဆို"

"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"

Mirror Where stories live. Discover now