Mirror ... 8

991 91 18
                                    

Unicode

ရိပေါ့်အခန်းရှေ့ကို ခြေလှမ်းကျယ်ကြီးတွေနဲ့ ရောက်လာတဲ့ ရှောင်းကျန့် ... တံခါးကိုခေါက်ကြည့်လိုက်ပေမယ့်လည်း အထဲက ပြန်ထူးလာသံမကြားရတဲ့အခါ ဆွဲဖွင့်လိုက်တယ်။

"အခန်းထဲမှာ ရှီမနေဘူးလား"

ရင်ထဲ ပေါက်ကွဲတော့မယ့် မီးတောင်လို ပူလောင်လွန်းနေပြီ။ညီမဖြစ်သူက လက်ရဲဇက်ရဲနဲ့ဆိုတော့ ဝမ်ရိပေါ်ကို ပြန်ပေးဆွဲသွားပြီများလား။

ဟာ.. ဘုမသိဘမသိနဲ့ ရိပေါ်တစ်ယောက် မသမာသူလက်ထဲ‌ပါသွားပြီလားကွာ

ကုမ္ပဏီကို တစ်ပတ်ပတ်ရှာတယ် မတွေ့ဘူး။ ပြာယာခတ်နေတဲ့ သူ့ပုံစံကို အကုန်လုံးက အံ့ဩတကြီးလိုက်ကြည့်နေတာသိပေမယ့်လည်း မတတ်နိုင် ကိုယ့်ရင်ထဲကအပူကို သူတို့မှမသိဘဲ

ရှာမတွေ့တဲ့အဆုံး ရိပေါ်ရဲ့ ရုံးခန်းဆီသာပြန်လာတယ်။အခုရှီမနေလည်း တစ်ချိန်ချိန်တော့ ပြန်လာမှာဘဲဆိုတဲ့ အတွေးနဲ့။

အပေါ်ထပ်ကိုပြန်တက်ဖို့ ဓာတ်လှေကားရှေ့မှာ ရပ်နေပြီးကာမှ အရေးပေါ်လှေကားထဲက စကားပြောသံတွေကြားလိုက်ရသည်မို့ ခြေလှမ်းတွေကို နေရာပြောင်းကာ လှေကားရဲ့အဖွင့်အပိတ်တံခါးရှေ့ရောက်သွားတယ်။

ဝန်ထမ်းတွေရဲ့ ကိုယ်ရေးကိုယ်တာကို စပ်စုတာမဟုတ်ရပါဘူး စကားသံတချို့က ဝမ်ရိပေါ်အသံနဲ့တူနေလို့ သေချာရအောင် တံခါးနားကပ်နားထောင်နေရတာ..

အနားကပ်လေ ပိုပြီးပီပီသသကြားလာရတဲ့ အသံကြောင့် ဒီမှာ ရှီနေသူထဲက တစ်ယောက်ဟာ ဝမ်ရိပေါ်ဆိုတာ သေချာသည်။ သို့သော်လည်း တံခါးကိုမဖွင့်ဖြစ်သေးဘဲ ဘာတွေပြောနေကြလဲဆိုတာကို အားစိုက်ကာနားထောင်လိုက်တယ်။

"မ... မဖြစ်နိုင်တာ"

"ဘာလို့မဖြစ်နိုင်ရမှာလဲ ဒီကျဲကျဲကို ရဲရဲကြီးယုံလိုက်"

အငြင်းစကားသံဟာ ရိပေါ့်အသံဖြစ်နေပြီး ဒီကျဲကျဲဆိုတာက..... ဟိုဟာမလေး!!

အိမ်ပြန်မယ်ပြောပြီး အခုထိအိမ်မရောက်သေးတဲ့ ကျေးဇူးရှင်မလေး သူများကိုဘာတွေ ချောင်ပိတ်ပြီးလုပ်နေလို့ ဟိုကငြင်းနေတာလဲ မသိဘူး။  မဖြစ်ဘူး ဝမ်ရိပေါ်ကို ငါကယ်မှရတော့မယ်။

Mirror Where stories live. Discover now