Mirror ... 10 The End

1.1K 98 8
                                    

Unicode

ဖိုးဖိုးရဲ့ရှေ့နေနဲ့အတူ ရှောင်းကျန့်ရော ရိပေါ်ပါမျက်နှာချင်းဆိုင်လို့ ဒီနေ့တော့ ဖိုးဖိုးချန်ခဲ့သမျှအမွေတွေကို တရားဝင်လွှဲပြောင်းပေးလိုက်ပြီဖြစ်သည်။

ကုမ္ပဏီကိုလည်း ရှယ်ရာရှင်အစည်းအဝေးခေါ်ပြီး CEOအဖြစ် ရိပေါ့်ကိုခန့်အပ်လိုက်ပြီဖြစ်ပေမယ့်လည်း ရှောင်းကျန့်လောင်းရိပ်ကနေတော့ မလွတ်သေးပါ။

ရှယ်ရာအများဆုံးသူဟာ ရိပေါ်ပြီးရင်ရှောင်းကျန့်ဆိုတော့ သူ့စကားကလည်း အရေးပါလေသည်။စက်ရုံဘက်ကိုတော့ တပတ်မှာ အားရင်အားသလိုသွားစစ်ဆေးတတ်ကြပြီး စိုက်ခင်းဘက်ကိုလည်း မျက်ခြေမပျက်လိုလေသေးမရှီအောင် ဖြည့်စွက်လို့ ဖိုးဖိုးချန်ခဲ့တဲ့ လုပ်ငန်းကြီးကို သူ့လက်ထက်မှာလည်းအောင်မြင်မှုရအောင် အစဉ်မပြတ်ကြိုးစားလို့နေတယ်။

ချဲ့ထွင်လာတဲ့ လုပ်ငန်းတွေကလည်း ဖြည်းဖြည်းချင်းဖြင့် အောင်မြင်မှုလမ်းကြောင်းပေါ်ကိုတိုးတက်လျက်...

အချိန်အားဖြင့်ဆို ရိပေါ်နဲ့ ရှောင်းကျန့်တို့ချစ်သူဖြစ်တာ 1နှစ်ပြည့်ဖို့ နီးလာပြီဖြစ်ပြီး ဖိုးဖိုးဆုံးတာကတော့ 1နှစ်ပြည့်ပြီဖြစ်သည်။

1နှစ်ကြာမှ လုပ်ငန်းကိုဦးစီးခွင့်ရခဲ့ရခြင်းကတော့ ချစ်ရတဲ့သူကြောင့်ပါဘဲ စည်းကမ်းကတော့ အလုပ်နဲ့ပတ်သက်လျှင်ကြီးသည်ထက်ပိုသည်။ သို့သော်လည်း နားချိန်ဆိုရင်တော့ ရုံးခန်းလည်းမရှောင် အနမ်းပေးတတ်သူကြီးဟာလည်း သူပါဘဲ။

သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းက ကြာလာပေမယ့်လည်း ချစ်သူတွေအဖြစ်ကိုတော့ ယွီရှင်းရယ် ကျဲရယ်ကလွဲ၍ တစ်ယောက်ကိုမှ တရားဝင်ချမပြထားဘူး။

ရိပေါ့်ဘက်ကဆို တစ်ယောက်ဆိုတစ်ယောက်ကမှမသိသေးတာဖြစ်တာမို့ ရှောင်းကျန့်ကအမြဲရစ်တတ်သည်။ မိဘတွေကို တရားဝင်ခွင့်တောင်းကြရအောင်တဲ့

ယောက်ျားလေးနှစ်ယောက်ရဲ့ချစ်ခရီးလမ်းက သဘာဝမကျတော့ လူကြီးတွေက ချက်ချင်းကြီးဘယ်လိုများလက်ခံနိုင်မှာလဲ ပြောလိုက်ကာမှဝေးသွားရမယ့်အဖြစ်ကိုမလိုချင်တော့ ရိပေါ်ကအမြဲအကြောင်းပြချက်မျိုးစုံပေးပြီး ငြင်းတယ်။

Mirror Where stories live. Discover now