"မေးခွန်းတွေများနေမယ်ဆိုတာသိပေမယ့် အရင်ဆုံး ကျွန်တော်ပြောတာကိုပဲနားထောင်ပေးရင် သိပ်ကိုကောင်းမှာပါ"
များပြားလှသော Camera တွေရဲ့ရှေ့တွင် Jungkook ပထမဆုံး စကားစဆိုလိုက်သည်။
သူ့လက်ထပ်ပွဲကိစ္စနှင့် ပတ်သက်ပြီး အားလုံးက စိတ်ဝင်တစားရှိနေကြသည်လေ။"ကျွန်တော် ယောက်ျားတစ်ယောက်ကို သဘောကျမိတာက ဘာမှထူးခြားတဲ့ကိစ္စတော့မဟုတ်ပါဘူး ။ လူတစ်ယောက်က တခြားလူတစ်ယောက်ကိုသဘောကျသွားတာ သာမန်ကိစ္စတစ်ခုပါပဲ။ Jeon Jungkook ဖြစ်နေလို့ဆိုပြီး စောဒကတတ်မယ်ဆိုရင်လဲ ဖြေစရာအဖြေကတစ်ခုတည်းပါ။ အဲ့ဒီ Jeon Jungkook ရဲ့ဖြစ်တည်မှုက ဒါပဲမို့ လက်မခံနိုင်ရင်လဲ ဘာမှတ်ချက်မှပေးစရာမလိုဘဲ ကျောခိုင်းရုံပါပဲ"
Jungkook ၏အဖြေကရှင်းသည် ။
သူဟာ ယောက်ျားတစ်ယောက်ကို သဘောကျမိလို့ သူ့ကိုလက်မခံနိုင်ရင် မေ့လိုက်ဆိုသည့်သဘောပါပင် ။
သူ့ဖြစ်တည်မှုကို လက်ခံပေးနိုင်မှသာ သူ့အနားမှာရှိပေးဖို့ပေါ့ ။Q- " ဒီကိစ္စနဲ့ ပတ်သက်ပြီး Jeon Jungkook ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ထိခိုက်လာခဲ့မယ်ဆိုရင် ဘယ်လိုဆက်လုပ်မလဲရှင့်"
ထိုမေးခွန်းကြောင့် Jungkook ပြုံးသည်။ ထို့နောက် ဆံပင်ကိုသပ်တင်လိုက်ရင်း
"အဲ့တာက မဆိုင်ဘူးလို့တော့ထင်တာပဲ ။ Fan တွေက အနုပညာကိုပဲအားပေးကြတာ မဟုတ်လား .. idol တစ်ယောက်ရဲ့ Personal အထိဝင်ရောက် စွက်ဖက်ပိုင်ခွင့်ဆိုတာမရှိဘူးလေ ။ ဒါက လွတ်လပ်ခွင့်ပဲမို့ တကယ်ချစ်တဲ့သူဆိုရင်တော့ နားလည်ပေးနိုင်မယ်ထင်တယ်"
Q-" အခု Jeon Jungkook နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ မြင့်တက်နေတဲ့အပေါ် ပြောစရာစကားရှိပါလား "
Jungkook... ယောက်ျားလေးတစ်ယောက်ကို လက်ထပ်တာနှင့် ပတ်သက်ပြီး လက်ခံနိုင်သူရှိသလို လက်မခံနိုင်တဲ့သူများလဲရှိနေကြသည် ။Fan တွေသာမကဘဲ အပြင်လူများကပါ Jungkook ကိစ္စကို စိတ်ဝင်တစားရှိနေကြသည်။ Anti တွေအတွက်လဲ ထိုအချင်းအရာက ပြောစရာတစ်ခုဖြစ်လို့သွား၏ ။
"ဝေဖန်မှုတွေကို ဂရုစိုက်တတ်တဲ့သူမျိုးမဟုတ်လို့ အဆင်ပြေပါတယ် ။ ဒီလိုနေရာအထိရောက်လာတာလဲ အဲ့တာတွေကို ဂရုမစိုက်တတ်လို့ပဲမို့လား ။ ကျွန်တော်က အဆင်ပြေနေတာမို့ အချိန်ကုန်ခံပြီး ဆက်ဝေဖန်ပေးရင်လဲ ကျေးဇူးတင်မိမှာပါပဲ ။ အနည်းဆုံးတော့ ကျွန်တော့်အတွက် အချိန်ပေးရသေးတယ်လေ .. အဟင်း"
DU LIEST GERADE
I Will Make You Mine(Completed)
FanfictionJEON JUNGKOOK X KIM TAEHYUNG Stat Date-11.7.2023 End Date-17.9.2023