Part 18

10.9K 995 83
                                    

#Unicode

"မိန်းမလိုမိန်းမရနဲ့ကောင်"

'ခွပ်'

Lee Young Jay၏ မျက်နှာကို Jungkook ထိုးပစ်လိုက်သည် ။ ထိုအခါ Lee Young Jayက သူဘာမှမသိတဲ့ပုံစံနှင့် ငေးကြည့်လာသည် ။

"အားလုံးက မင်းအကွက်ကျကျနဲ့ စီစဉ်ခဲ့တာပေါ့လေ .. သိပ်ပြီး အောက်တန်းကျတယ် ။ မင်းအခုလိုလုပ်ရုံနဲ့ ငါ့ကိုရမယ်လို့ထင်နေရင် လဲသေလိုက်! "

Lee Young Jay မဲ့ပြုံးပြုံးသည် ။ နှုတ်ခမ်းထောင့်မှ စီးကျလာတဲ့သွေးတွေကိုသုတ်၍ လျှာနှင့်လျက်လိုက်၏ ။ Jungkook ပေးတဲ့ နာကျင်မှုမို့လားမသိ .. ချိုမြလွန်းသည် ။

"ကိုယ်ကလဲ Jungkook ကို ရတဲ့အထိတွေးမထားပါဘူး ။ ဒီလောက်နဲ့ပဲ ကျေနပ်တယ်။ အနည်းဆုံးတော့ Jungkook ဘေးမှာ ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်လဲ ရှိမနေနိုင်တော့ဘူးလေ"

'ခွပ်'

Jungkook ထပ်မံ၍ ထိုးလိုက်မိသည် ။ စိတ်ရှိတိုင်းသာဆိုရင် Lee Young Jayကို သတ်ပါပစ်ချင်တာဖြစ်၏။ ဒေါသကြောင့် အမှားတွေမဖြစ်ချင်၍သာ စိတ်ကိုမနည်းထိန်းထားရသည် ။

"မင်း .. ငါနဲ့တွေ့မယ် Lee Young Jay! ငါနဲ့ Tae ကိုအခုလိုဖြစ်အောင်လုပ်တဲ့အတွက် တန်ရာတန်ကြေးကို မင်းပြန်ပေးဆပ်ရမယ်!Jeon Jungkook က မင်းကို လှလှပပကြီးအနိုင်ယူပြမယ်!"

Lee Young Jayကို ကြိမ်းဝါးပြီးနောက် Jungkook ထွက်သွားသည် ။

ထွက်သွားတဲ့ Jungkook ၏ကျောပြင်ကိုငေးကြည့်ရင်း Lee Young Jay ပြုံးလိုက်သည်။ တစ်ဆက်တည်းမှာပင် မျက်ရည်တွေလဲ စီးကျနေမိ၏ ။
ချစ်ရသူက သူ့အပေါ်ကိုအခုလိုမျိုး ခါးခါးသီးသီးဖြစ်သွားတာကို သူဘယ်လိုမျိုး ခံနိုင်ရည်ရှိပါ့မလဲ ။
မနာကျင်ဘူးပြောရင် လိမ်ရာကျနိုင်သည် ။

"Jungkook ပေးမယ့်ပြစ်ဒဏ်ကို ကိုယ် ကျေကျေနပ်နပ်နဲ့ခံယူပါ့မယ် ။ ဒါပေမဲ့ အဲ့ဒီKim Taehyung နဲ့တော့ပြန်ပြီးအတူမရှိပါနဲ့တော့။ကိုယ်မင်းကို တခြားတစ်ယောက်နဲ့အတူမရှိစေချင်တော့ဘူး Jungkook ရယ်"

***

Jungkook နှင့် အဆက်အသွယ်မလုပ်ဘဲ ရွာလေးတစ်ရွာမှာပင် သူဝါသနာပါသည့်အလုပ်ကို လုပ်၍နေခဲ့သည် ။
Jungkookရဲ့ သတင်းတွေကိုလဲ သူအမြဲစောင့်ကြည့်ဖြစ်ပါ၏ ။
မင်းသားကသူမရှိတာနှင့် ထင်တိုင်းကြဲပြီး ဖြစ်ချင်သလိုကိုဖြစ်နေတာ့တာ ။
သတင်းတွေကလဲ အကောင်းကိုမရှိသလောက်ဖြစ်နေသည် ။

I Will Make You Mine(Completed)Donde viven las historias. Descúbrelo ahora