#Unicode
Company ရဲ့ညစာစားပွဲရှိသည်မို့ Jungkook မဖြစ်မနေတတ်ရောက်ရမည်။
မျက်နှာချင်းမဆိုင်ချင်တဲ့အဖေဖြစ်သူကိုလဲ မျက်နှာချင်းဆိုင်ရအုံးမည် ။"Tae...ဒီည Dinner ကိုလိုက်ခဲ့"
"ဖြစ်ပါ့မလား "
အမှန်အတိုင်းပြောရရင် Taehyung ကြောက်သည် ။ Jungkook ၏အဖေနှင့် တွေ့ဆုံရမည်ကိုလဲ စိုးရိမ်မိပြန်၏ ။
တကယ်ဆိုရင် Jungkook နဲ့သူက ဘယ်လိုမှမအပ်စပ်သည်လေ ။"စိတ်ချပါ.. မင်းကို ဘယ်သူမှမသိစေရဘူး။ Stylist အနေနဲ့ပဲလိုက်ခဲ့ "
"ဒါပေမဲ့ Jungkook ရဲ့အဖေက.."
Taehyung ဘာတွေစိုးရိမ်နေသည်လဲဆိုတာ Jungkook သိသည် ။
ထို့ကြောင့် Taehyung ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး"မင်းကို ဘယ်သူမှမထိပါးစေရဘူး ... ကိုယ့်ရဲ့အဖေတောင်မှပေါ့ ။ ကိုယ်ကမင်းကိုကာကွယ်ပေးမယ်"
စကားတစ်ခွန်းပေမယ့် Taehyung ၏ရင်ထဲတွင် သိမ့်ခနဲကြည်နူးကာ နွေးထွေးသွားသလိုခံစားလိုက်ရသည် ။
ယောက်ျားတစ်ယောက်ဖြစ်နေပေမယ့် ထိုယောက်ျား၏ ကာကွယ်ပေးမှုကို သူလိုလားသည် ... လက်ခံချင်သည် ။
ဘာကြောင့်မှန်းမသိပေမယ့် အဲ့ဒီယောက်ျားက Jeon Jungkook ဖြစ်နေလို့ထင်ပါသည်။-
-
-
-"မင်းသား... သူဌေးက ခေါ်နေပါတယ်"
အဖေဖြစ်သူကခေါ်နေသည်ဆိုတဲ့စကားကြောင့် Jungkook သက်ပြင်းချလိုက်သည်။
မတွေ့ချင်ပေမယ့် မတွေ့လို့မဖြစ်တဲ့ကိစ္စတွေရှိနေသေးသည်မို့ တွေ့ရပေအုံးမည် ။"Woo Young... Taeကို စောင့်ရှောက်ထားလိုက်"
Jungkook က Taehyung ကိုစိတ်မချဖြစ်နေသည် ။ အခုလိုနေရာမှာ Taehyung သက်သောင့်သက်သာမဖြစ်ဘူးဆိုတာကိုလဲသိသည် ။
"ခဏလေးပဲနော်... ဖြစ်တယ်မို့လား"
Woo Young ရှိတာတောင် နောက်ဆံတင်းနေတဲ့ Jungkook ကို Taehyung ခေါင်းအသာငြိမ့်ပြကာ
"သွားပါ.. ကျွန်တော်က အဆင်ပြေပါတယ်"
Taehyung ဆီက ခွင့်ပြုချက်ရမှ Jungkook ခေါင်းငြိမ့်ကာ နေရာကနေထွက်လာလိုက်တော့သည် ။
![](https://img.wattpad.com/cover/346426383-288-k765096.jpg)
VOCÊ ESTÁ LENDO
I Will Make You Mine(Completed)
FanficJEON JUNGKOOK X KIM TAEHYUNG Stat Date-11.7.2023 End Date-17.9.2023