#Unicode
အရုပ်ကလေးတစ်ရုပ်နှယ်လှပနေသည့် ကောင်လေး၏ဓာတ်ပုံလေးကိုကြည့်ကာ Young Jay ပြုံးလိုက်သည် ။
Kim Taehyung ကသိပ်ပြီးချောသည် .. တစ်ဆက်တည်းမှာပင် လှလဲလှ၏ ။
မင်းသားသာလုပ်လျှင် အတော်လေးနာမည်ကြီးမည့်အထဲမှာပါလိမ့်မည် ။
တကယ့်ကို ပြည့်စုံလွန်းပါ၏ ။ကောင်လေးက ရိုးသားပုံလဲပေါ်သည် ။ သို့သော်လည်း Jeon Jungkookလို လူနှင့်မှ ပတ်သက်မိတာက နှမြောဖို့ကောင်း၏ ။
သူနာမည်ကြီးဖို့အတွက် အနှီကောင်လေးကို အသုံးမချချင်ပေမယ့်လဲ ဘာမှမတတ်နိုင်တော့ပေ ။
အပေးအယူလုပ်ခဲ့ပြီးပြီမို့ ရှေ့ဆက်ရန်သာရှိတော့သည် ။"တောင်းပန်ပါတယ် ကောင်လေး"
ဓာတ်ပုံလေးကိုကြည့်ရင်း Young Jay တောင်းပန်စကားဆိုလိုက်သည် ။
Youth Company ၏ CEO တစ်ဖြစ်လဲ Jeon Jungkook ၏အဖေက သူ့ကိုအလုပ်တစ်ခုခိုင်းထားသည် ။
Kim Taehyung ကိုရအောင်ချဥ်းကပ်ပြီး မရိုးမသား သတင်းတွေထွက်လာဖို့ဖြစ်၏။
ပြီးလျှင် Kim Taehyung က သူ့လူပါဆိုပြီး လူအများကိုချပြပေးရမည် ။
Kim Taehyung က မင်းသား Lee Young Jay၏ ပိုင်ဆိုင်မှုဆိုပြီး အများကသိလာကြစေရန်ဖြစ်သည် ။
အပေးအယူအနေနှင့် Young Jay ကနာမည်ကြီးတစ်ယောက်ဖြစ်လာလိမ့်မည်။CEO ၏ ရည်ရွယ်ချက်ကရှင်းသည် ။
Kim Taehyung သာ Lee Young Jayနှင့် သတင်းထွက်ပြီး လူအများရှေ့ကို ရောက်သွားလျှင် Jungkook အနေနဲ့ Kim Taehyung ဟာ သူ့ယောက်ျားပါဆိုပြီးထုတ်ပြောလို့မရနိုင်တော့ပေ။
ထုတ်ပြောခဲ့လျှင်လဲ Kim Taehyung က ယောက်ျားရှိနေလျက် တခြားတစ်ယောက်နှင့် ဖောက်ပြန်သည်ဆိုပြီး နာမည်ပျက်လိမ့်မည်။
အဲ့ဒီအခါ Jungkook Fan တွေရဲ့ ပစ်မှတ်ကလဲ Kim Taehyung ဖြစ်လာပြီး Lee Young Jay Fanများ၏ သားကောင်သည်လဲ Kim Taehyung ဖြစ်လာလိမ့်မည် ။
ရှေ့ဆက်တိုးဖို့မဖြစ်နိုင်အောင် ချောင်ပိတ်သွားသည့် အဲ့ဒီ အခြေအနေမှာ Jungkook က သူ့ချစ်သူအတွက် နောက်ဆုတ်ပေးဖို့သာရှိတော့သည် ။အဖေတစ်ယောက်အနေနဲ့ သားဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို တားခွင့်မရှိသော်လဲ မမှန်ကန်တဲ့လုပ်ရက်တွေကို ဖျက်ဆီးပစ်ခွင့်ရှိသည် ။
Lee Young Jay ကို မြေတောင်မြှောက်ပြီး Jungkook နေရာမှာ အစားထိုးလိုက်မှာဖြစ်တာကြောင့် Company ရဲ့အခြေအနေကိုလဲ ထိန်းသွားနိုင်သည် ။
YOU ARE READING
I Will Make You Mine(Completed)
FanfictionJEON JUNGKOOK X KIM TAEHYUNG Stat Date-11.7.2023 End Date-17.9.2023