#Unicode
Taehyung အံ့သြတုန်လှုပ်သွားသည် ။ အားလုံးက သူ့ကိုမိန်းကလေးလို့ထင်ပြီး လှလိုက်တာဟု မှတ်ချက်ပေးနေသည်ကို ဤလူကတော့ ယောက်ျားလေးဆိုတာကို သိနေပါသည်တဲ့ ။
"ခင်ဗျားသိနေတာလား"
ထိုလူ့ဆီက ရယ်သံသဲ့သဲ့ထွက်လာသည်။
Mask တပ်ထားလို့သာပြုံးနေတဲ့ နှုတ်ခမ်းတွေကို မမြင်ရပေမယ့် မျက်လုံးတွေမှာတော့ ပြုံးရိပ်သမ်းနေသည် ။
စူးရှရှမျက်လုံးတွေက အရောင်လက်နေသလိုတောင်ထင်ရသည်အထိ တောက်ပသည် ။"ယောက်ျားနဲ့မိန်းမကို ကိုယ်ကောင်းကောင်းခွဲတတ်တယ်... အထူးသဖြင့် ယောက်ျားလေးတွေကို ပိုသိတယ်"
Taehyung တစ်ကိုယ်လုံး တောင့်ခဲသွားသည် ။ ထိုလူက သူ့ကိုအုပ်မိုးထားလျက်ပင် စူးစူးစိုက်စိုက်ကြည့်ပြီး ပြောနေသည် ။
Taehyung မသိမသာပင် တံတွေးမျိုချလိုက်မိ၏ ။"ကိုယ် မိန်းမတွေကိုမကြိုက်ဘူး"
မျက်နှာကို ပွတ်သပ်ရင်းဆိုလာသည့်စကားက " မိန်းမတွေကိုမကြိုက်ဘူး" တဲ့ ။
Taehyung ၏မျက်လုံးလေးတွေ ပြူးကျယ်သွားကာ အုပ်မိုးထားတဲ့လူ၏ ရင်ဘက်အား တွန်းဖယ်ဖို့ကြိုးစားလိုက်သည် ။
သို့သော်လည်း နည်းနည်းလေးတောင်မရွေ့ပေ ။"ဖယ်ပေးပါ"
"စိတ်ကူးမရှိဘူး "
"ကျွန်တော်က မိန်းမတွေကိုပဲကြိုက်တာ"
Taehyung ၏စကားကြောင့်ထိုလူက ဟက်ဟက်ပက်ပက်ရယ်သည် ။ ထို့နောက် Taehyung ၏ မေးစေ့ကိုဆွဲမော့ကာ
"ကောင်းသားပဲ ။ ဒါဆိုရင် ကိုယ်က မင်းပထမဆုံးကြိုက်မယ့် ယောက်ျားဖြစ်လာနိုင်တာပေါ့လေ "
ရိသဲ့သဲ့စကားတွေကြောင့် Taehyung ကြက်သီးထလာရသည် ။ ဆက်ပြီး သည်းမခံနိုင်တာကြောင့် ထိုလူ၏ရင်ဘက်အား ခေါင်းနှင့်ဆောင့်ကာ ထလိုက်သည် ။
"မလွှဲသာလို့ မိန်းမလိုဝတ်လာပေမယ့် အထင်မသေးနဲ့နော်! သတ္တိရှိရင် ထိုးမလား!"
Taehyung အသင့်အနေအထားဖြင့် လက်သီးပြင်ထားလိုက်သည် ။
ထိုအခါ ထိုင်ရာကမထတဲ့လူက အသံထွက်သည်အထိ ရယ်ပြန်သည် ။
ВЫ ЧИТАЕТЕ
I Will Make You Mine(Completed)
ФанфикJEON JUNGKOOK X KIM TAEHYUNG Stat Date-11.7.2023 End Date-17.9.2023