Part 8

12.5K 1.1K 98
                                    

#Unicode

"ဒါကဘာလဲ"

Taehyung ကမ်းပေးလာတဲ့ စာရွက်လေးကို Jungkook မဖတ်သေးဘဲ မေးခွန်းထုတ်လိုက်၏ ။ ထိုအခါ Taehyung က ချောင်းဟန့်ကာ

"စာချုပ်... ကျွန်တော်တို့ သဘောတူညီမှုတစ်ခုလုပ်ဖို့လိုတယ်"

"ဘာကိုလဲ"

"မင်းသား ဖတ်ကြည့်ပါ"

Jungkook မျက်ခုံးပင့်၍ Taehyung ၏စာချုပ်ကိုဖတ်ကြည့်လိုက်သည် ။ စာချုပ်ပါအကြောင်းအရာများက ရိုးရှင်းပါ၏ ။ သူ့ခန္ဓာကိုယ်ကို လက်လွတ်စပယ်မထိတွေ့ဖို့နှင့် သွေးသားဆန္ဒအလျောက် Sexကိစ္စမှာ ပတ်သက်ခြင်းမပြုရန်ဖြစ်သည် ။
စာချုပ်ကိုဖတ်ပြီး Jungkook မျက်မှောင်ကုတ်လိုက်သည် ။ ထို့နောက် Taehyung ကိုကြည့်ပြီး

"ငြင်းတယ်..."

"ဟင်.."

"မင်းရဲ့ စာချုပ်ကို ပယ်ချတယ် .. ဟုတ်ပြီလား"

ဂျစ်ကန်ကန်အဖြေက အမြင်ကတ်စရာပင်။ Taehyung မျက်စောင်းထိုးလိုက်ပြီး

"ပယ်ချရအောင် ဒါကို အဆိုတင်သွင်းနေတယ်ထင်လို့လား ။ ဒီသဘောတူညီချက်က မဖြစ်မနေလိုအပ်လို့ လုပ်တာလေ"

"အကြောင်းပြချက်က?"

"ခင်ဗျားပဲ စဥ်းစားကြည့် ... ကျွန်တော်နဲ့ ခင်ဗျားက တစ်နှစ်ပဲ လက်ထပ်မှာ ။ အဲ့တာကို ဒီလိုဆက်နေရင် ကွာရှင်းပြီးတာနဲ့ ကျွန်တော်က ဖွတ်ဖွတ်ညက်ညက်ကြေနေတော့မှာပေါ့"

Taehyung စကားကြောင့် Jungkook က မဲ့ပြုံးပြုံးလိုက်သည် ။ ထို့နောက် ထိုင်နေသည့် Taehyung အပေါ် အုပ်မိုးလိုက်ပြီး မျက်လုံးတွေကို စေ့စေ့ကြည့်ကာ

"မင်းမနစ်နာစေရပါဘူး Taeရဲ့ ။ ကိုယ်က တစ်သက်လုံးအတွက် တာဝန်ယူပေးမှာ ...ကွာရှင်းတယ်ဆိုတာကလဲ မင်းဘက်ကအပြောလေ .. ကိုယ်က ကွာပေးမယ်လို့ပြောမိလား"

"ခင်ဗျား ကလိမ်ကကျစ်မလုပ်နဲ့နော်... လက်ထပ်တာက တစ်နှစ်ပဲလို့ ပြောပြီးသား။ ကွာကိုကွာပေးရမယ်"

ထိုအခါ Jungkook က ဟက်ခနဲရယ်သည်။ထို့နောက် Taehyung ၏ ဆံနွယ်လေးကို ထိုးဖွာကာ

"စောင့်ကြည့်လိုက်ပါအုံး ။ တစ်နှစ်ပြီးရင် မင်းကိုယ့်ကို ကွာရှင်းနိုင်မလားဆိုတာ..."

I Will Make You Mine(Completed)Onde histórias criam vida. Descubra agora