Part 9

12.1K 1K 208
                                    

#Unicode

အမှုကိစ္စအောင်မြင်ခဲ့သည်မို့ ပေးထားတဲ့ကတိအတိုင်း Jungkook နှင့် Date လုပ်ခဲ့သည် ။
သို့သော်လည်း နေ့ခင်းဘက်ဆိုရင် Jungkook အတွက် အဆင်မပြေသည်မို့ ညဘက်မှာသာ Date ဖို့ ဆုံးဖြတ်လိုက်သည်။

"အေးတယ်နော်"

တိတ်ဆိတ်နေတဲ့လေထုတွင် Jungkook ဘက်ကစတင်၍ စကားဆိုလိုက်သည်။
Taehyung ကတော့ အရှေ့ကိုသာ ခပ်သွက်သွက်လျှောက်နေသည် ။

"မအေးဘူးလား"

ထပ်မံ၍မေးခွန်းထုတ်လာပြန်တဲ့ Jungkook ကြောင့် Taehyung သက်ပြင်းချ၍ တစ်ချက်ကြည့်ပေးလိုက်သည် ။

"အေးတော့ရော ကျွန်တော်ကဘာတတ်နိုင်မှာတဲ့လဲ"

"အဟမ်း"

ချောင်းတစ်ချက်ဟန့်ပြီး လက်ကိုဆုပ်ကိုင်လာတဲ့ Jungkook ကြောင့် Taehyung တစ်ကိုယ်လုံး တောင့်သွားသလိုခံစားလိုက်ရသည် ။

"အခုမှပဲနွေးတော့တယ်... Let's go!"

ကျေနပ်သွားတဲ့ Jungkook က Taehyung ၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်ပြီး ခြေလှမ်းများကို ခပ်မြန်မြန်လျှောက်လိုက်၏။

Taehyung မသိမသာပြုံးလိုက်မိသည်။
လက်ကိုင်ချင်ရင် ကိုင်ချင်တယ်ဟုဝန်မခံဘဲ အေးတယ်ဘာညာနှင့် သွယ်ဝိုက်ကာပြောနေသေးသည် ။
ဒီမင်းသားက တကယ်ပဲ ဉာဏ်နီဉာဏ်နက်များလွန်း၏ ။

"ပြောင်းဖူးစားမလား"

လမ်းဘေးဆိုင်တစ်ခုတွင် Taehyung ရပ်ကာ Jungkook ကိုမေးလိုက်သည် ။
Jungkook က အင်တင်တင်နှင့်ပင် ခေါင်းငြိမ့်ပြ၏ ။

"ကိုယ်ပေးလိုက်မယ်..."

စျေးဝယ်ပြီး Taehyung ပိုက်ဆံပေးဖို့ပြင်တော့ Jungkook က သူပေးလိုက်မည်ဟုပြောကာ Black card ကြီးထုတ်လာသည်။
Taehyung မျက်မှောင်ကြုတ်လိုက်ပြီး

"ပြောင်းဖူးလေးပဲဝယ်ပြီး ဒီCard ကြီးကဘာလဲ "

"ကိုယ့်မှာ ဒါပဲပါတယ်"

"ဖယ်ပါ.. ကျွန်တော့်ဟာကျွန်တော်ပဲပေးလိုက်မယ်"

Taehyung က အသုံးမပြုတာကြောင့် မျက်နှာငယ်သွားရတဲ့ Black cardလေးကို Jungkook ပြန်သိမ်းလိုက်ရသည် ။

I Will Make You Mine(Completed)Donde viven las historias. Descúbrelo ahora