part(3)

107 14 1
                                    

" ဟိုဆော့ တို့ညီအစ်ကိုပါလား"

ဟိုဆော့ တဖက်ခြံရှေ့ရောက်တာနဲ့ ကင်နမ်ဂျွန်း ဆိုသူကပါးချိုင့်ထင်းထင်းတွေပေါ်အောင်အထိပြုံးပြနှုတ်ဆက်လာတယ်

"ဟုတ်ကဲ့..ဂျွန်ငယ်လေ ဒီဖက်ခြံကို အလည်လာချင်တယ်ဆိုပြီးပူဆာနေလို့"

ဟိုဆော့ ဂျွန်ငယ်ကို ကြည့်ပြီးပြောလိုက်တော့ ဂျွန်ငယ်ကမျက်နှာချောချောလေးကို လက်ဝါးပြင်လေးနှစ်ဖက်နဲ့အုပ်မိုးကာလိုက်တယ် ဒါရှက်သွားတဲ့အမူယာလေးပေါ့

" ထူးထူးဆန်းဆန်း ဂျွန်ငယ်က အိမ်တွေလည်ချင်နေလို့ပါလား "

နမ်ဂျွန်း သူ့အရှေ့ကအဖြူလုံးလေးကို ခါးလေးကိုင်းကာကြည့်ရင်းပြောလိုက်တော့ မျက်လုံးဝိုင်းတွေကို ဟိုဒီရွေ့လျားလိုက်တဲ့ ဂျွန်ငယ်ကသူနဲ့အကြည့်ချင်းမဆုံအောင်တမင်လုပ်နေမှန်းသိလိုက်တယ်ဆရာဝန်ဖြစ်တဲ့အလျောက် နမ်ဂျွန်းဒီကိုစရောက်ထဲက ဒီကလေးကိုသတိထားမိသလို ဒီကလေးငယ်ပေါ်မှာလည်း သံယောဇဥ်တွယ်မိတယ် အနေမနီးပေမယ့်ပေါ့

" ဂျွန်ငယ်က အနေခက်နေတာထင်တယ်.. လာပါအိမ်ထဲဝင်ကြစို့လေ"

နမ်ဂျွန်းအရှေ့ကနေဦးဆောင်ကာ ထွက်သွားတော့ ဟိုဆော့က ဂျွန်ငယ်ကို စကားတီးတိုးပြောပြီး လိုက်ပါလာတယ် ခပ်တိုးတိုးဆိုနေတဲ့ စကားသံကြောင့် ဘာပြောနေကြတယ်ဆိုတာကိုတော့ သူကောင်းစွာမကြားရပါ

" ဗစ်တာရေ...ဒီနေ့ပါတီကိုတော့ အထူးဧည့်လာတယ်ဟေ့"

ဧည့်ခန်းထဲဝင်တာနဲ့ အာပေါင်အာရင်းသံသံ ဆိုလိုက်တဲ့ နမ်ဂျွန်းရဲ့ စကားကြောင့် ယောက်ချိုဇွန်းကြီးကိုင်ကာ ပန်းရောင်ဧပရွတ်ကြီး တကားကားနဲ့ ဗစ်တာက ဘယ်သူလဲဆိုပြီး အထူးအဆန်းထွက်ကြည့်တယ်

အင်း ဗစ်တာဆိုမှ ဗစ်တာကအနောက်တိုင်းသားဆိုပေမယ့် ထွားထွားကြိုင်းကြိုင်းပုံစံမျိုးမဟုတ်ပဲ နီစက်စက်အသားရည်နဲ့ သေးသေးကွေးကွေးခန္ဓာကိုယ်အချိုးဆစ်နဲ့ကောင်လေး ပျော့အိအိ ဂုတ်ထောက်နေတဲ့ရွှေအိုရောင်ဆံပင်လေးတွေကို ထိပ်လေးကစုစည်းထားတဲ့ပုံစံလေးနဲ့ ကောင်လေးက ဟိုဆော့တို့ကိုမြင်တော့ အပြာရောင်မျက်ဝန်းတွေပိတ်ကျသွားတဲ့အထိရယ်ပြလာတယ်

Warmlyحيث تعيش القصص. اكتشف الآن