part(9)

85 11 5
                                    

*Jeonဟာသူနေထိုင်ရာကမ္ဘာလေးဆီ ထယ်ယောင်းကိုဖြည်းညှင်းစွာခေါ်ဆောင်သွားတယ်*

လေနုနွေးနွေးတိုက်ခတ်နေတဲ့ Santorini လမ်းမထက်မှာ ကားအဖြူလေးတစ်စီးဟာ ငြိမ့်ငြိမ့်ညောင်းညောင်းမောင်းနှင်နေတယ် တနေရာကိုအတူသွားချင်တယ်ဆိုတဲ့ Jeonရဲ့စကားကြောင့် ဈေးဝယ်စင်တာတစ်ခုရှေ့ရောက်တော့ Jeonသဘောဆန္ဒအတိုင်း သူတို့ဈေးဝယ်ဖို့ဆင်းခဲ့ကြတယ်
အသီးအနှံတွေအတန်းဘက်အပြေးသွားတဲ့ Jeonနောက်ကိုသူပါအပြေးတပိုင်းလိုက်တော့ တချို့တဝက်သောသူတွေက လှည့်ကြည့်ကြပေမယ့် တချို့ကတော့ ပုံမှန်သာ

" Jeon..မပြေးနဲ့လေ ချော်လဲမယ်... "

မတိုးမကျယ် ထယ်ယောင်းရဲ့စကားသံကို အရေးမထားနဲ့Jeonက အသီးတန်းတွေဆီရောက်နေပြီ

" ဒါ..ဒါ.."

" တော်တော့လေ Jeon..အရမ်းများနေမယ်"

ထယ်ယောင်းကိုင်ထားတဲ့ဈေးဝယ်ခြင်းထဲကို ရောက်ရှိလာတဲ့ နီနီရဲရဲစတော်ဘယ်ရီသီးတွေက ၃၊၄ဘူးလောက်ဖြစ်နေပြီ ဒါတောင်Jeonက လက်လှမ်းနေတုန်းမလို့ ထယ်ယောင်းတားလိုက်တော့ ခပ်စူးစူးလေးကြည့်လာတယ်

" ကိုယ်ပြောချင်တာ..အသီးတွေကကြာရှည်ထားရင်မကောင်းဘူးလေ Jeonရယ်..Jeonက အကုန်စားနိုင်မှာမဟုတ်ဘူးလေ"

ထယ်ယောင်းပြောတာကိုဂရုမစိုက်တဲ့ Jeonကနောက်ထပ်သော စတော်ဘယ်ရီဘူးတွေထည့်နေပြန်တယ်

ဟင်း!

သက်ပြင်းမောချလိုက်တဲ့ ထယ်ယောင်းကို Jeonကစူးစမ်းဟန်ကြည့်တယ် ပြီးမှခြင်းထဲက စတော်ဘယ်ရီသီးတစ်ဗူးကို စင်ပေါ်ပြန်ထားတယ် ချစ်စရာကောင်းလွန်းတဲ့အမူအရာလေးဖြစ်ပေမယ့် ထယ်ယောင်းမသိချင်ယောင်ဆောင်ထားတော့ အင်္ကျီအနားစကို ဖွဖွလေးဆွဲလာတဲ့Jeon

" အစ်..ကို"

မဝံ့မရဲခေါ်လာတဲ့ လေသံတိုးတိုးလေးကြောင့် ထယ်ယောင်းကြည့်မိတော့ မျက်ရဘ်ဥတွေရည်ဝိုင်းနေတဲ့Jeon

" ဘာလို့လဲ..ဘာလို့လဲ.Jeon"

" အစ်. ကို..ဆူလို့"

ဘုရားရေ ထယ်ယောင်းတခွန်းမှမဆူရသေးပါပဲ ဘယ်နှယ့်ကြောင့် Jeonကအထင်လွဲရပြန်တာလဲ

WarmlyOù les histoires vivent. Découvrez maintenant