part(4)

106 9 1
                                    

စုတ်ချက်တစ်ချက်ဆီတိုင်းရဲ့ ရေးဆွဲမှုဟာ ဖြူလွှလွှပုံရိပ်လေးဖြစ်လို့နေတယ် သူဘာကိုရည်ရွယ်ရေးဆွဲချင်နေတာလဲ နောက်ထပ်စာရွက်တရွက် ကြမ်းပြင်ပေါ် ပရမ်းပဒါ ကျသွားရန်ပြန်တယ်

ဟူး!

နဖူးပြင်ပေါ် ဝေ့ဝိုက်ကျလာတဲ့ ခွေလိပ်လိပ်ဆံပင်လိမ်ကောက်ကောက်တွေကို အလိုမကျသလို လက်နှစ်ဖက်နဲ့ အပေါ်ကိုလှန်တင်ပြီး သစ်သားခုံလေးပေါ် ကျောမှီလျက်မျက်လုံးစုံမှိတ်ထားလိုက်တော့ ပေါ်လာတာ မှိန်ဖျော့ဖျော့ မျက်ဝန်းဝိုင်းလေး

ကျစ်! " ဆန်တိုရီနီက လှသလောက် သိပ်ပူတာပဲ စိတ်ပျက်စရာ"

တကိုယ်ထဲခပ်တိုးတိုးရေရွတ်လိုက်တယ် ဆန်တိုရီနီကပူတာထက် သူ့စိတ်ကဝေခွဲမရခြင်းတွေကြောင့် ပိုပြီးပူလောင်နေတာများလား နမ်ဂျွန်း ပြောတဲ့ ဂျွန်ငယ်က Down'sလေးဆိုတဲ့စကားကြောင့် သူပါတီပြီးထဲက ဒီအကြောင်းကိုတွေးနေတာ အလွယ်တကူ google မှာရိုက်ရှာကြည့်တော့ မြင်လိုက်ရတာ မယုံကြည်ချင်စရာ သူတို့ဖော်ပြထားတဲ့ပုံစံက ဂျွန်နဲ့မတူနေဘူးလေ ဟုတ်တယ်မှတ်လား အင်း အရောင်မှေးမှိန်နေတဲ့ မျက်ဝန်းလေးတွေကလွဲရင်ပေါ့

" မသိတော့ဘူးကွာ နမ်ဂျွန်းကိုပဲမေးတော့မယ်"

အပေါ်ထပ် ထပ်ခိုးကနေ ဝရုန်းသုန်းကား ပြေးဆင်းလာတဲ့သူ့ကို ဆိုဖာပေါ်မှာ စာအုပ်ထိုင်ဖတ်နေတဲ့ နမ်ဂျွန်းက လန့်သွားပုံနဲ့ လှမ်းကြည့်တယ်

" အာ! Sorry ငါမေးစရာလေးရှိလို့ မင်းအားရဲ့လား"

" အင်း"

မျက်နှာလွဲပြီးမေးလိုက်တဲ့ သူ့စကားကို နမ်ဂျွန်းက အလွယ်တကူလက်ခံလိုက်တာကြောင့် တကယ်အံ့သြသွားရတယ် ဒီကောင်စာဖတ်နေချိန်ဆို ဘယ်လိုအရာမျိုးကိုမှ အရေးမပေးတတ်ဘူးမဟုတ်လား

" တကယ်..တကယ်လား"

" အင်း..မင်းဂျွန်ငယ် အကြောင်းမေးဖို့မဟုတ်လား"

ထယ်ယောင်း ထပ်မံအံ့သြရပြန်တယ် ဒီကောင်ဆေးကုရုံအပြင် အကြားအမြင်ပါဟောနေပြီလား

" အံ့သြမနေနဲ့... ငါရိပ်မိတယ်"

ဒါဘာစကားကြီးလဲ ဒီကောင်ဘာကိုရိပ်မိတာလဲ

WarmlyWhere stories live. Discover now