part(5)

101 21 6
                                    

ကြယ်ရောင်တွေတဖျတ်ဖျတ်လင်းလက်နေတဲ့ ညကောင်းကင်ယံကို မော့ကြည့်ပြီးခြေလှမ်းမှန်မှန်နဲ့ လျှောက်လာမိတာ တဖက်ခြံဆီ လိုက်ကာစနောက်မှာ ကွယ်လိုက်မိတဲ့လူက ဘယ်အတွက်ကြောင့်များ တဖက်ခြံထိတကူးတကသွားမိလည်းဆိုတာ ထယ်ယောင်းကိုယ်တိုင်လည်း ဝေခွဲမရပါ ဒါဟာတစ်ယောက်ထဲအဖော်မဲ့သူတစ်ယောက်ပေါ် ထားရှိမိတဲ့စိတ်ကြောင့်များလား

" အဟမ်း! အိမ်ထဲမဝင်သေးဘူးလား အပြင်မှာအေးတယ်လေ "

ဟန်ကိုယ့်ဖို့အတွက် လုပ်ချောင်းကို ဟန့်လိုက်ရသေးတယ် အခုနလေးတင် ဆန်တိုရီနီကိုပူတယ်ဆိုပြီး ကျိန်ဆဲနေခဲ့တာမဟုတ်လား

" အပြင်မှာဘာလုပ်နေတာလဲ"

ဘာစကားမှဖြေကြားချင်မရှိသူက ခေါင်းလေးစောင်းငဲ့လျက် မျက်တောင်မခတ်ကြည့်နေတာကြောင့် အနည်းငယ်တော့နေရခက်သွားတယ်

" ကိုယ် Jeonဘေးမှာထိုင်လို့ရတယ်မဟုတ်လား "

မကျဥ်းမကျယ် ခုံတန်းပိစိလေးမှာဝင်ထိုင်ဖို့ပြောတော့ ကိုယ်လေးအနည်းရို့ပြီး ထိုင်ဖို့အတွက်နေရာအနည်းငယ်ရွေ့ပေးလာတယ် နှစ်ယောက်စာလုံလောက်တယ်ဆိုယုံသာရှိတဲ့ ခုံတန်းလေးမှာ ဂျွန်အနားကိုတိုးကပ်ထိုင်လိုက်တော့ ထိကပ်နေတဲ့ အင်္ကျီစလေးနှစ်ခုက အဖြူရောင်နဲ့အညိုရောင် စပို့ရှပ်လက်ရှည် အပွကြီးကြီးကိုဝတ်ထားတဲ့ ဂျွန်ရဲ့ပခုံးသားလေးကို ထယ်ယောင်းထိကိုင်လိုက်တယ်

" ပြုတ်ကျမှာ စိုးရိမ်လို့"

မျက်ဝန်းဝိုင်းလေးတွေနဲ့ စိုက်ကြည့်လာတဲ့ ဂျွန်ကြောင့် ထိကိုင်မိတဲ့ လက်ကိုပဲချက်ချင်းပြန်သိမ်းရတော့မလိုလို ဒါပေမယ့် မဖြစ်ဘူးလေ ဂျွန်ပြုတ်ကျသွားရင်ဘယ်ဖြစ်မလဲ ဒီကလေးအနာတရမဖြစ်အောင်လို့ပါ

" လူတစ်ယောက်ကို အဲ့လောက်ထိ သေချာစူးစိုက်မကြည့်ရဘူးလေ Jeon"

အရှေ့တည့်တည့်ကိုသာ မျက်နှာမူထားပေမယ့် ဂျွန်သူ့ကို ကြည့်နေတယ်ဆိုတာ ခံစားမိတယ်လေ

" လှ...လို့..."

တိုးဖျဖျလေး ထွက်လာတဲ့ စကားသံ

WarmlyDonde viven las historias. Descúbrelo ahora