part(1)

222 17 3
                                    

ပန်းနုရောင်ဆေးဖျော့ဖျော့လေးခြယ်သထားတဲ့ အခန်းအတွင်းအပိုင်းလေးဆီမှ သီချင်းသံတိုးညင်းညင်းလေးက သာယာနာပျော်ဖွယ်..ကုတင်ထက်Wပုံသဏ္ဍန်အနေထားလေးထိုင်ပြီး ခေါင်းလေးဘယ်ညာယိမ်းနေတဲ့ အဖြူရောင်လူသားက အပြစ်ကင်းစင်စွာ ဒီလူသားလေးရဲ့ကမ္ဘာကသိပ်ကိုအေးချမ်းလွန်းတာမဟုတ်လား

ပန်းနုရောင်လေးတွေကိုနှစ်သက်တဲ့ ထိုကောင်လေးက အဖြူရောင်ကို စွဲစွဲမြဲမြဲဝတ်တတ်ပြန်တယ် အနည်းငယ်ရှည်နေပြီဖြစ်တဲ့ အဝါရောင်ခပ်ထူထူ ဆံပင်တွေက မျက်ဝန်းဝိုင်းလေးတွေကိုတောင်အနည်းငယ်ဖုံးနေပြီ

" ဂျွန်ငယ်.. ဟျောင်း ဝင်ခဲ့မယ်နော်"

လော့မချထားတဲ့အခန်းတံခါးဆိုပေမယ့် ခွင့်တောင်းပြီးမှ ဝင်လေ့ရှိတယ် ဝင်ခွင့်မပြုတာမဟုတ်ပေမယ့် ခွင့်မတောင်းရင်စိတ်အလိုမကျဖြစ်တတ်တဲ့ဂျွန်ငယ် ကြောင့် ဟိုဆော့ခွင့်တောင်းပြီးမှဝင်ဖြစ်တယ်

" ဂျွန်ငယ်က သီချင်းနားထောင်နေတာပေါ့..ပျော်စရာများရှိနေလို့လား"

ဖြေညင်းစွာမော့ကြည့်လာတဲ့ ခေါင်းလုံးလုံးလေးနဲ့အတူ အပြုံးလှလှလေးပါပူးတွဲပါလာတယ်

" စိတ်ပျော်စရာရှိနေတာပေါ့လေ.."

ထပ်မေးတဲ့ အမေးစကားကို တုန့်ပြန်မှုမလာတော့ပဲ
သံစဉ်အတိုင်းခေါင်းလေးဘယ်ညာစောင်းငဲ့ပြန်တယ်

" အဲ့လိုမထိုင်ရဘူးလို့ ပြောထားတယ်လေ ဂျွန်ငယ် အထိုင်ပြင်ရမယ်လေ"

Wပုံသဏ္ဍန်မကြာခနထိုင်တတ်သူက သတိပေးတော့လည်းချက်ခြင်းဆိုသလိုအထိုင်ပြင်တယ်

"ထမင်းစားကြမယ်လေ..ဗိုက်ဆာပြီမဟုတ်လား"

" yes"

" ဟုတ်ပြီ..ဒါဆိုထမင်းသွားစားကြမယ်လေ ပြီးရင်ဆံပင်ညှပ်ရမယ်နော်..ဆံပင်တွေပြန်ရှည်နေပြီ"

" မ..ညှပ်.....ဘူး "

ဆံပင်ညှပ်ဖို့ပြောတိုင်း ငြင်းဆန်တတ်သူက ဒီတခါလည်းလွယ်လွယ်လက်မခံပြန်ဘူး ဂျွန်ငယ်ကိုဆံပင်ညှပ်ပေးဖို့ကိစ္စက စစ်တိုက်ရတာထက်ပိုခက်ခဲပါတယ် အဲ့ဒါကြောင့်လည်းအမြဲလိုလို ဆံပင်ဘုတ်သိုက်ဖြစ်နေတတ်တာ

WarmlyWhere stories live. Discover now