part (11)

61 9 3
                                    

" ဖူး...ဖူး.."

လက်နှစ်ဖက်နဲ့အပြည့်ရှိနေတဲ့ dandelionရိုးတံတွေက ဆယ်ခုထက်မနည်း ဒါပေမယ့် ထယ်ယောင်းရဲ့ဆုတောင်းကတော့ တစ်ခုထဲ Jeonကို ကျန်းမာတဲ့ ကလေးတစ်ယောက် ဖြစ်စေချင်တယ်

" Jeon ကျန်းမာတဲ့ ကလေးတစ်ယောက်ဖြစ်ပါစေ"

ထပ်မံတောင်းဆိုမိတဲ့ ဆုတောင်းစကားအဆုံးမှာ မှေးမှိတ်ထားတဲ့ မျက်ဝန်းတွေကို ဖွင့်လိုက်တော့ လေထဲမှာ ဝဲပျံနေတဲ့ dandelion ပန်းအမွှားလေးတွေ သူတို့တွေလွတ်လပ်စွာ ပျံဝဲနေကြပုံက သိပ်ကိုလှပလွန်းတာပဲ အားကျစရာကောင်းအောင် ေပျာ်ရွှင်နေပုံရတယ်

လူတွေဟာ စိတ်ပျက်အားငယ်နေချိန်မှာ သေးငယ်သောအရာတွေအပေါ်မှာတောင် အားကိုးတကြီးဖက်တွယ်တတ်ကြတာ သဘာဝပဲမဟုတ်လား ခုလည်းသေးငယ်တဲ့ ပန်းပွင့်ငယ်လေးတွေပေါ် အားကိုးတကြီး တောင်းဆုဆိုနေမိပြန်တာပဲ

" အဟက်..ရူးကြောင်ကြောင် နိုင်နေပြီထင်တယ်"

လေထဲမှာ ဝဲပျံနေတဲ့ ပန်းအမွှားလေးတွေကို လိုက်ဖမ်းရင်း တီးတိုးရေရွတ်မိတဲ့စကား

" မိပြီ...မင်းကိုမိပြီ"

လက်ညှိုးထိပ်မှာ ကပ်ငြိနေတဲ့ ပန်းအမွှားလေးက လှုပ်တိလှုပ်ထနဲ့ အဝေးကိုပျံဝဲဖို့ အရှိန်ယူနေတာကို ထယ်ယောင်း နီးကပ်စွာပြုံးပြုံးလေးကြည့်လိုက်တယ်

" Jeonကို ကျန်းမာတဲ့ ကလေးတစ်ယောက်အဖြစ် မြင်ရပါစေ...ဖူး...."

လေထဲကိုလွတ်လပ်စွာ ဝဲပျံသွားတဲ့ ပန်းအမွှားလေး....

ဂျိမ်း..!

ရုတ်တရက် တိမ်တိုက်မဲတွေ ဖုံးလွှမ်းသွားတဲ့ ကောင်းကင်ကိုမော့ကြည့်လိုက်တော့ ထိုးကိုက်လာတဲ့ ဦးခေါင်းက ပေါက်ကွဲထွက်တော့မလို

" အား..."

မြေပြင်ပေါ် လဲကျသွားတဲ့ ခန္ဓာနဲ့အတူလွင့်ပြယ်သွားတဲ့ အသိစိတ်များ..ထယ်ယောင်းကမ္ဘာကြီးဟာ တိတ်ဆိတ်သွားခဲ့ပြီ...

********
ဘုတ်!ဘုတ်!

ထိုးကိုက်နေတဲ့ ခေါင်းရယ် ဘေးကနေ တဘုန်းဘုန်းထုနေတဲ့ အသံရယ်ကြောင့် မျက်လုံးတွေကိုအားယူ ဖွင့်ကြည့်လိုက်တယ်

You've reached the end of published parts.

⏰ Last updated: Jul 14 ⏰

Add this story to your Library to get notified about new parts!

WarmlyWhere stories live. Discover now