" သွား..မယ်"
လက်ကို တင်းတင်းချိတ်ပြီး Jeonထက်မဆိုယုံလေးမြင့်နေတဲ့ကျွန်တော် မျက်နှာကိုမော့ကြည့်ပြီး ပြောလာတာကြောင့် နီးနီးကပ်ကပ်အနေထားမှာ မြင်နေရတဲ့ နှုတ်ခမ်းရဲရဲလေးကိုမလွတ်တမ်းငေးမောနေမိတယ်
" အစ်..ကို!."
" အော် အမ် Jeon..သွားမယ်လေ...သွားမယ်"
ဆူအောင့်အောင့်လေးထွက်ပေါ်လာတဲ့ စကားသံကြားမှ ငေးမောချင်းတွေကို ရပ်တန့်မိတယ် ဘယ်လိုတွေတောင်အသိစိတ်လွတ်သွားရတာလဲ
သူ့ပရောဂကြောင့် အနက်ရောင်ဖြစ်သွားရတဲ့ နားကွင်းပေါ်ဆံပင်ရယ် ရှပ်အင်္ကျီအဖြူလေးကို စတိုင်ပန်အဖြူလေးထဲထည့်ခါဝတ်ထားတာကြောင့် သေးသေးသိမ်သိမ်ခါးလေးကထင်းကနဲလင်းကနဲ ကြိုးသိုင်းပုံစံကွင်းထိုးဖိနပ်အဖြူရောင်အပါးလေးကြောင့် ဖွေးနုနေတဲ့ ခြေချောင်းလှလှလေးတွေ ဒီနေ့မှာမြင်တွေ့ရတဲ့ Jeonပုံစံက တမျိုးလေးသစ်လွင်ဆန်းသစ်ပြီး လှပနေပြန်တာ ဟုတ်တယ်..Jeonကလှတယ်..ဖြူဖြူစင်စင်နဲ့ သိပ်ကိုလှပတဲ့ အရောင်ကင်းတဲ့ 'နှင်းဆီဖြူ´လို ဖြစ်တည်မှုလေး
" Jeon."
မော့ကြည့်လာပြန်တဲ့ မျက်လုံးဝိုင်းတွေ အရောင်မှိန်မှိန်မျက်ဝန်းတွေနဲ့ ဆုံမိတိုင်းအမျိုးအမည်မသိခံစားချက်တွေဖြစ်ပေါ်လာတယ် ဒါဘာကြောင့်လည်းဆိုတဲ့ အဖြေကိုအတိကျမရှာဖွေချင်ပါဘူး သူကခဏတာ လာတဲ့ဧည့်သည်ပဲ
" သိပ်လှတယ်.. Jeon..အရမ်းကိုလှတာပါ ကိုယ့်ရဲ့နှင်းဆီဖြူလေးရယ်"
ဒီစကားကို Jeonက ဘယ်ဘက်ပါးပြင်မှာရှိတဲ့ပါးချိုင့်လေးပေါ်အောင်အထိပြုံးပြီး ခေါင်းညိတ်အသိအမှတ်ပြုတယ် ဒါသူလှတာကို သိပါတယ်ဆိုတဲ့သဘောပေါ့ Jeonဟာတကယ့်လူလည်လေး
'Earth'လို့အမည်တပ်ထားတဲ့ ဆိုင်းဘုတ်ရှေ့ရောက်တော့ Taehyung ရဲ့စက်ဘီးလေးကို ရပ်တန့်လိုက်တယ် သူဒီနေ့Jeonနဲ့အတူ Jeonတက်ခဲ့တဲ့ကျောင်းဆီလိုက်လာခဲ့ခြင်း သံဗန်းတံခါးခတ်ထားတဲ့ ကျောင်းဝန်းတံခါးကိုလက်တဖက်နဲ့ တွန်းဖွင့်ပြီး ကျန်လက်တစ်ဖက်က သူ့လက်ကိုဆုပ်ကိုင်ထားတာဟာ Jeonရဲ့နယ်ပယ်ထဲသို့ ရဲဝင့်စွာဝင်ရန်သူ့ကို အားဖြစ်ပေးဟန် ကျောင်းဝန်းထဲဝင်လိုက်တာနဲ့ အစုအဝေးလှုပ်ရှားနေတဲ့ ပုံစံမျိုးစုံလူသားမျိုးစုံ Taehyungဘဝမှာ ပထမဆုံးအကြိမ်တွေ့ကြုံဖူးသော လူထုအစုအဝေးပုံစံ ကိုယ်အင်္ဂါမကျန်းမာတဲ့ သူတွေကိုတွေ့ဖူးပေမယ့် ဒီလိုအများပြားတစ်စုတဝေးတော့ အခုမှကြုံဖူးတာလေ ဘေးမှာရှိနေတဲ့ Jeonကိုငေးကြည့်လိုက်တော့ အရင်နဲ့မတူပဲတက်ကြွနေဟန်

KAMU SEDANG MEMBACA
Warmly
Fiksi Penggemarနွေးထွေးမှုတွေ လိုအပ်နေတဲ့ Jeonအတွက် အစ်ကိုက ခပ်နွေးနွေးနေရောင်ခြည်လေးဖြစ်ပေးချင်တာ