* နေထွက်ချိန်နဲ့နေဝင်ချိန်
တောင်တန်းနဲ့ပင်လယ်
နွေဦးနဲ့ဆောင်းဦး
ဒွန်တွဲနေတဲ့ ဆန့်ကျင်ဘက်တွေဟာ
လူတဦးနဲ့တဦးကြား မတူညီနိုင်တဲ့
နှစ်သက်မှုတွေမဟုတ်လား*ကောင်းကင်မှာထွန်းလင်းနေတဲ့ နေလုံးကြီး အနောက်ဘက်သို့တိုးဝင်ပုန်းကွယ်ခါစအချိန်မှာ ဂျွန်နဲ့သူအတူရှိနေခဲ့တယ် ခပ်နွေးနွေးရှိတဲ့ရာသီဥတုအခြေနေကြောင့် ဖွေးနုနေတဲ့ ဂျွန်မျက်နှာချောချောလေးမှာပိုမိုဝင်းမွတ်နေပြန်တာ နေလုံးကြီးပုန်းကွယ်ခါစအချိန်ဖြစ်တာကြောင့် ကောင်းကင်က ပုဇွန်ဆီရောင်သန်းနေတယ် တချက်ချက်တိုးဝှေ့တိုက်ခတ်လာတဲ့ လေပြည်လေးကြောင့် ဂျွန်ရဲ့အဝါရောင်ဆံသားထူထူလေးတွေက မျက်ဝန်းတဝိုက်ဖုံးအုပ်သွားတတ်တယ်
" ဆံပင်တအားရှည်နေပြီလေ Jeon..."
ထယ်ယောင်းပြောတာကို နားမလည်လို့လားတော့မသိ ဂျွန်ကဖုံးကွယ်နေတဲ့ ဆံစလေးတွေကြားကနေပဲ တုန့်ပြန်မှုမရှိငေးစိုက်ကြည့်တယ် ဆံသားအိအိလေးတွေက မက်မောစရာဆိုပေမယ့် လင်းလက်တောက်ပနေတဲ့ဂျွန်မျက်ဝန်းလှလှလေးတွေကို ကွယ်ဝှက်စေတာကတော့မဖြစ်ဘူးလေ ဒါထယ်ယောင်းအတွက်အနှောက်အယှက်ဖြစ်စေတယ်
" ဆံပင်ညှပ်မယ် မဟုတ်လား"
မျက်ဝန်းမှာဝေ့ဝိုက်နေတဲ့ ဆံသားလေးတွေကို ထယ်ယောင်းလှန်တင်ပေးရင်းမေးလိုက်တော့ အပေါ်မှာစုပြုံပြီး ခပ်ချွန်ချွန်ပုံသဏ္ဍန်ဖြစ်သွားတဲ့ ဆံပင်ပုံစံလေးနဲ့ဂျွန်က တမျိုးချစ်စရာကောင်းနေပြန်တာ
" လူကြီးက စကားပြောနေရင် ပြန်ပြောရတယ်လေ Jeonရဲ့ ဆံပင်ညှပ်မယ် မဟုတ်လား"
" လူ..လူ..လူကြီး..မဟုတ်..ဘူး..အစ်...ကို"
" အဟက်!..Jeon ထက်ကြီးတယ်လေ.. အဲ့ဒိတော့ ကိုယ်ကလူကြီးပဲပေါ့"
" အစ်..ကို..ပါ"
ထယ်ယောင်းရဲ့စကားကိုလက်မခံကြောင်း ဂျွန်ကခေါင်းလေးကိုခါရမ်းပြတယ် အင်း သူတို့လေးတွေကတခုခုဆိုအစွဲလမ်းကြီးပြီးပုံသေမှတ်ထားတတ်တယ်ဆိုတဲ့ နမ်ဂျွန်းရဲ့စကားသံကိုပြန်ကြားယောင်လာမိတော့ သက်ပြင်းတချက်ချမိလိုက်တယ်

YOU ARE READING
Warmly
Fanfictionနွေးထွေးမှုတွေ လိုအပ်နေတဲ့ Jeonအတွက် အစ်ကိုက ခပ်နွေးနွေးနေရောင်ခြည်လေးဖြစ်ပေးချင်တာ