part(10)

93 14 1
                                    

" အအေးမိမယ်လေ Jeonရဲ့"

သူတို့နှစ်ဦးရဲ့အိမ်ပြန်ချိန်မှာ နေမင်းဟာ အနောက်ဘက်တောင်တန်းတွေဆီ တိုးဝင်ကွယ်ပျောက်နေပြီ တိမ်မဲတွေဖုံးလွှမ်းနေတဲ့ကောင်းကင်အနေထားကြောင့်မကြာခင် မိုးရွာတော့မယ်ဆိုတာ အသေချာပြောလို့ရတယ်
မိုးငွေ့တွေရောယှက်နေတဲ့ လေထုက အအေးဓာတ်သိသိသာသာကြီးဆိုးနေတာ ကားမှန်ချထားတဲ့အတွက်ကြောင့် အအေးမိလွယ်တတ်တဲ့ ကလေးကို စိတ်ပူလို့ပြောမိတော့ ဂရုမစိုက်သူက ထယ်ယောင်းကိုတချက်လေးတောင် လှည့်မကြည့်ပါပဲ အပြင်ဘက်ကိုသာမျက်နှာမူထားတယ်

" Jeon!.."

" ဟွန့်"

ထယ်ယောင်းကိုမကျေနပ်သလို ဟွန့်ခနဲလုပ်ခါ ခပ်စူးစူးအကြည့်ပို့လိုက်သူက ကားမှန်ကိုတော့ တင်လိုက်တယ်

" ကိုယ်က Jeonကိုစိုးရိမ်လို့ပြောတာလေ "

"..."

" စိတ်ကောက်လွယ်တဲ့ကလေးတွေကို ဘယ်လိုချော့မှ ကောက်တာပြေမှာလဲမသိပါဘူးကွာ"

Jeon မျက်နှာကိုတချက်ဝေ့ကြည့်ပြီး ပြောလိုက်တော့ ကားမှန်ထဲမှာမြင်နေရတဲ့ မျက်နှာလေးကစူပုတ်ပုတ်လေးဖြစ်လျက်ရှိနေသေးတယ် ထယ်ယောင်းချော့နေတယ်ဆိုတာကိုရော ဒီကလေးရိပ်မိရဲ့လားမသိပါဘူး

ဂျိန်း! ဂျိန်း!

ရုတ်တရက်လပ်သွားတဲ့ လျှပ်စီးကြောင်းနဲ့အတူမိုးခြိမ်းသံကျယ်ကျယ်ကြောင့် Jeonခန္ဓာကိုယ်လေးက သူ့အနားအနည်းငယ်တိုးကပ်လာတယ်

" လန့်သွားတာလား Jeon"

ကားစီယာတိုင်ကို လက်တဖက်နဲ့ထိန်းမောင်းပြီး ကျန်လက်တစ်ဖက်ကတော့ Jeonလက်သီးဆုပ်လေးတွေပေါ် အုပ်မိုးပေးပြီး ကြည့်လိုက်တော့ အရောင်မှိန်မှိန် မျက်လုံးဝိုင်းလေးတွေက အားကိုးဟန်ကြည့်လာတယ်

" ကိုယ်တို့ ဒီနားမှာ ခနနားပြီးမိုးတိတ်မှာ ဆက်သွားရလိမ့်မယ်ထင်တယ်"

အဆက် မပြတ်သဲထန်စွာ ရွာသွန်းလာတဲ့မိုးကြောင့် ခရီးဆက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင် Jeonကလည်းထိတ်လန့်နေတယ်လေ မိုးသံကလွဲလို့ တိတ်ဆိတ်နေတဲ့ ကားထဲမှာ Jeonရောသူပါ နှုတ်ဆိတ်နေမိတယ် ဒီအခြေနေမျိုးမှာ Jeonလို ကလေးတစ်ယောက်ရဲ့ စိတ်ကတော့ ပကတိရိုးရှင်းစွာရှိနေနိုင်မှာပေမယ့် ထယ်ယောင်း အတွက်တော့ အနည်းငယ်စိတ်အဆင်မပြေဖြစ်မိစေတယ်

WarmlyDonde viven las historias. Descúbrelo ahora