part(6)

120 17 9
                                    

မိုးလင်းတယ်ဆိုတာနဲ့ ထယ်ယောင်းပထမဆုံးမြင်လိုက်ရတာက ကြည်လင်တောက်ပနေတဲ့ ကောင်းကင်ကြီး ဆန်တိုရီနီရဲ့ ကောင်းကင်ဟာ အမြဲကြည်လင်တောက်ပနေတာ မိုးရိပ်မိုးသားကင်းစင်နေခြင်းဟာ စိတ်အာရုံကိုလန်းဆန်းစေတာပါပဲ

" အင်း! မနိုးသေးဘူးထင်တယ်"

ပြတင်းပေါက်ကနေတဖက်ခြံဆီ ကြည့်ရင်းခပ်တိုးတိုးရေရွတ်မိလိုက်တာ ညကဂျွန်မိုးချုပ်မှ အိပ်ထဲဝင်ခဲ့တာမဟုတ်လား အင်းသူရောအတူတူပါပဲ
တစ်ကိုယ်ရည် သန့်ရှင်းရေး လုပ်ပြီးတာနဲ့နံရံနဲ့ ကပ်ရပ်မှာ အဆင့်ဆင့်လေးတွေလုပ်ထားတဲ့ ဗီဒိုပုံသဏ္ဍန်စင်လေးပေါ်မှာ တင်ထားတဲ့ရှပ်အင်္ကျီအဖြူရောင်လေးကိုလက်လှမ်းမိတော့ နှုတ်ခမ်းထောင့်စွန်းလေးတဖက်က အလိုအလျောက်ကွေးညွန့်မိသွားတယ် ထယ်ယောင်းဆီမှာရှိတဲ့ရှားရှားပါးပါးအဖြူရောင်လေးတထည်ပေါ့

ပန်းချီဆွဲနေရသူဖြစ်တဲ့အလျောက် ထယ်ယောင်းအဖြူရောင်ဝတ်စုံတွေကိုရှောင်ရှားမိတယ် သူရေးဆွဲနေတဲ့ကာလာတွေအဖြူရောင်ပေါ်စွန်းထင်မှာကိုမလိုလားတဲ့အတွက် ဘာကြောင့်ဆိုထယ်ယောင်းအဖြူရောင်ကိုသိပ်နှစ်သက်တယ်လေသူမြတ်နိုးတဲ့အရာတွေညစ်ပေစွန်းထင်းသွားမှာမနှစ်မြို့ဘူး အခုဝတ်ရတဲ့အကြောင်းနဲ့မဆိုင်ပေမယ့်ပေါ့

" နမ်ဂျွန်း အပြင်သွားတာလား ဗစ်တာ"

ဗစ်တာပြင်ပေးထားတဲ့ ဆိတ်နို့ကိုသောက်ဖို့ဟန်ပြင်ရင်း မေးလိုက်တာ

" မဟုတ်ဘူး..ဂျွန်ငယ်နေမကောင်းဘူးဆိုလို့..."

" အဟွတ်..အဟွတ်..."

"ရရဲ့လား ထယ်ယောင်း ဖြေးဖြေးသောက်လေကွာ"

Tissue boxထဲက tissue တွေယူပေးရင်း ပြောနေတဲ့ ဗစ်တာရဲ့စကားကိုထယ်ယောင်းခေါင်းညိတ်ပြပြီး အပြင်ထွက်ဖို့လုပ်တယ်

" မင်းအင်္ကျီလဲဖို့ မဟုတ်ဘူးလား"

အိမ်ပေါက်ဝရောက်နေတဲ့ ထယ်ယောင်းရဲ့ခြေလှမ်းတွေ ဗစ်တာစကားကြောင့် ရပ်တန့်သွားတယ် အခုမှ ကိုယ့်ကိုကိုယ်ပြန်ငုံ့ကြည့်မိတယ် ရှပ်အင်္ကျီပေါ်မှာ စွန်းထင်းနေတဲ့ အကွက်တွေ

Warmlyحيث تعيش القصص. اكتشف الآن