❇4❇

100 22 2
                                    


ဆေးလိပ်ငွေ့အလှိမ့်လှိမ့်ပြည့်နေတဲ့ အခန်းထဲတံခါးအား​ကျောပေးကာ ဆုံလယ်ကုလားထိုင်ပေါ်ထိုင်ရင်းဝင်လာမဲ့လူကိုစောင့်နေလိုက်သည်။

တစ်

နှစ်

သုံး

"ဝုန်း"

မိမိထိုင်နေတဲ့ဆိုဖာအနားပြေးလာကာ၊မိမိအကျီ်ကြယ်သီးအားဖြုတ်နေရင်းဒေါသ သံဖြင့်ပြောနေတဲ့အကောင်ပေါက်။

"နာဂျယ်မင်း--မင်းအကျီ်ချွတ်လိုက်!"

"ငါ တကယ်ချွတ်ရမာလား!?မင်းရှေ့မာလေ----?"

မိမိပြောကာမှ နားရွက်ဖျားလေးများရဲတတ်လာကာ ကြယ်သီးပေါ်ကလက်များရုပ်သိမ်းသွားသည်။ထို့နောက်မိမိအားကျောပေးကာ!!

"မင်းဘာသာချွတ်ထားလိုက်...ငါအောက်ထပ်ကနေဆေးယူပီးပြန်တတ်လာခဲ့မယ်!"

ပြောပီး တံခါးအားဖွင့်ကာ ဆင်းသွားတဲ့Ren ကြောင့်၊ကျန်နေခဲ့တဲ့ Jaeminမှာ အပြုံးရေးရေးလေး ပေါ်လာပြီး၊ ရှက်ပီးပြေးသွားတဲ့ အကောင်ပေါက်လေးအား အသည်းယားနေမိသည်။အကျီ်အားချွတ်ကာ ကုတင်ပေါ်ပစ်တင်လိုက်ပီး ၊မှန်ရှေ့ကျောပေးကာရပ်ကာ ခေါင်းငဲ့ကြည့်မိတော့၊ကျောပြင်တွင်မှန်ကွဲစ
အနည်းငယ်စိုက်နေသည်ကို တွေ့လိုက်ရလေသည်။

"အဟက်---လိုချင်တာရှိတော့လဲ...ဒီလောက်လေးပေးဆပ်ရတာ က...:တန်တယ်!"

"ဂျောက်ခ်"

တံခါးဖွင့်သံကြောင့်လှည့်ကြည့်မိတော့ လင်ဗန်းထဲ ဆေးပစည်းများထည့်ကာလာတဲ့Renကိုမြင်လိုက်ရလေသည်။အခန်းဝက Renအားပြုံးပြကာ အနားသွားတော့ချစ်ရသူရဲ့ငြူစူသံအားကြားရလေသည်။

"အရူးကောင်!!!...သွား ဆိုဖာမှာ သွားထိုင်!"

ခေါင်းငြိမ့်ပြကာဆိုဖာမာထိုင်တော့၊ Renကလဲ ဗန်းအား စားပွဲပေါ်ချကာမိမိအနားဝင်ထိုင်ကာ၊ သူ့အားကျောပေးထိုင်ရန်ပြောလာသည်မို့၊ကျောပေးအနေအထားသို့ ကိုယ်အားလှည့်ပေးလိုက်သည်။
အသားထဲစိုက်ဝင်နေတဲ့ ကွဲစတွေကို ညှပ်ဖြင့်ဆွဲထုတ်နေတဲ့Ren၊မိမိဒဏ်ရာအားသေချဂရုတစိုက်ကုသပေးနေတဲ့၊ကောင်ငယ်လေးဆီမှရှိုက်သံ သဲ့သဲ့ကြားတော့ရှေ့လှည့်ထားသည်အာအနေအထားပြောင်းကာ လှည့်ကြည့်ဖို့ ပြင်နေစဥ်!"

🍁Red Spider Lily🍁Where stories live. Discover now