❇9❇

94 23 6
                                    


☂☂xxxxxxx

မိုးနံ့သင်းသင်းလေးရတာကြောင့်ရွမ်ကျွင့်အိပ်ယာက ထကာ ၊ပြတင်းပေါက်အားဖွင့်လိုက်တော့ မိုးနံ့နဲ့အတူ မြေသင်းနံ့လေးကနှာဖျားထက်တိုးဝှေ့လာလေသည်။

"အို့... မိုးရာသီရောက်တော့မှာပဲ၊ငါ့ရဲ့ ဂျပန်မျိုးစိတ်ဖြစ်တဲ့Red Spider Lilyပန်းတွေပွင့်လောက်ပြီ။

လိုက်ကာအားပြန်စေ့ကာ၊ကိုယ်လက်သန့်စင်ပြီး၊ရှပ်အဖြူလေးအား ဒူးအထက်ဂျင်းဘောင်းဘီလေးနဲ့တွဲကာဝတ်ပီး၊အောက်ထပ်သို့ဆင်းလာတော့
ဆိုဖာပေါ်ဂျဲနိုက ခြေ ချိတ်ထိုင်ကာစာဖတ်နေလေသည်။ သူရဲ့တဖက်ကဆိုဖာတွင်တော့ ဂျီဆောင်းက ဂိမ်းကိုသည်းကြီးမဲကြီးဆော့ကာ နေလေသည်။ ရွမ်ကျွင့် ဆိုဖာဆီသို့လျှောက်သွားကာ ဂျီဆောင်းဘေးသို့ ဝင်ထိုင်လေတော့ဂျဲနိုက စာအုပ်မှအကြည့်ခွာလာကာရွမ်ကျွင့်ကိုမြင်သည်နှင့် စာအုပ်ပ်ိတ်ကာ စားပွဲပေါ်ချပြီးပြုံးပြလေသည်။

"နိုးပီလား Jun၊ မနက်စာ ကော်ဖီနဲ့ မင်းအကြိုက်စတော်ဘယ်ရီကိတ်ပါလုပ်ထားပေးတယ်။

"ကျေးဇူး ၊ ဂျဲနို။ အာ-ဒါနဲ့မင်း အလုပ်မသွားဘူးလား။

ဂျဲနိုကကော်ဖီကို တစ်ငုံသောက်ကာ၊ခွက်အားစားပွဲပေါ်ချလိုက်ပြီး၊ရွမ်ကျွင့်အား မျက်လုံးမှေးစင်းကာကြည့်ရင်းဖြေလာသည်။

"ဒီနေ့က Sundayလေ Jun၊ ငါ အလုပ်နားလိုက်တယ်၊မင်းတို့ကိုအချိန်ပေးချင်လို့။

မင်းတို့လို့ပြောလာတဲ့ ဂျဲနိုအား ရွမ်ကျွင့်အံ့သြကာ ပြူးကြည့်တော့ဂျဲနိုက ချောင်းဟန့်ကာ ဆိုဖာကထလေသည်။

"ငါ မင်းအတွက် မနက်စာသွားယူပေးမယ်"!

"အို့! ရတယ် ငါ့ဘာသာ----

ဂျဲနိုကစကားမဆုံးခင်ပင်မီးဖိုဆောင်သိူ့ရောက်သွားလေတာကြောင့် ရွမ်ကျွင့်ပြုံးကာ ဘေးကဂျီဆောင်းအား လက်တို့လိုက်သည်။

"မင်းကြားလား ၊ မင်းတို့ဆို မင်းရော ၊Hyungရောပါတယ် ကြည့်ရတာ ဂျဲနိုနဲ့မင်း ရင်းနှီးလာပြီလား"

မိမိက သဘောရိုးနဲ့မေးပေမယ့်
ဂျီဆောင်းက နားရွက်တွေရဲလာကာ ခေါင်းတခါခါ လက်တခါခါဖြင့် ငြ င်းပီး စာလုပ်မည်ဟုဆိုကာ ထပြေးသွားလေသည်။ ဆိုဖာအလယ်တွင်တော့ ရွမ်ကျွင့်သာ ခေါင်းကုတ်ရင်းကျန်ခဲ့လေသည်။

🍁Red Spider Lily🍁Where stories live. Discover now