❇7❇

106 25 2
                                    

☂☂☂☂☂

"ဂျယ်မင်း"

မိမိ နောက်နားကခေါ်သံကြောင့်လှည့်ကြည့်မိတော့ ခေါ်တဲ့သူကသိပ်ချစ်ရတဲ့Ren။

"ပြောစရာရှိသေးလို့လား၊Renjun"

"မင်း အဆင်ပြေတယ်မလား၊ငိုချင်ရင်ငိုချလိုက်ပါ။

"အဟက်၊ ငိုရအောင် ငါက10နှစ်အရွယ်ခလေးမဟုတော့ဘူးလေ၊ပြီးတော့ မင်းလိုလဲ ခလေးဆန်မနေဘူး။

"နာဂျယ်မင်း၊မင်း ဟာလေ----"

"jun--ဒါက အန်တီရဲ့နာရေးလေကွာ၊ သတိရအုံးမှပေါ့"

ဂျယ်မင်းကို ထိုးမဲ့လက်အား ၊ဂျဲနိုကဖမ်းချုပ်ကာရင်ခွင်ထဲဆွဲသွင်းထားလေသည်။ဂျဲနို ရင်ခွင်ထဲ အသားတွေ တဆတ်ဆတ်တုန်ကာ၊မျက်ခမ်းစပ်များနီရဲကာနေတဲ့Renjunကို တချက်ကြည့်ကာ လှည့်ထွက်လာခဲ့သည်။

"ဒါက ဘယ်ကိုလဲ၊နာဂျယ်မင်း။

အမိန့်ဆန်ဆန်အသံက၊ရှေ့တည့်တည့်က သူဖခင်Na Jaehyunဆီကပင်။

"ခနလောက်ဖြစ်ဖြစ်၊ လွှတ်ထားပေးစမ်းပါဗျာ၊တကယ်မွန်းကျပ်လွန်းလို့"!

ပြောကာ ဖခင်ဖြစ်သူအားကျော်ပီး ထွက်လာခဲ့လိုက်သည်။ရင်ထဲကနာကျင်မှုက ၊အတိုင်းအဆမရှိ။ရင်ထဲတင်းကျပ်လာမှုနဲ့အတူ ဒေါသကထိန်းမရချိန်မှာတော့၊မိမိရှေ့ကဖြတ်သွားတဲ့ လူတယောက်အား ဆွဲထိုးချလိုက်တော့သည်။

"အာ့! မင်း"!

ခွပ်! ခွပ်! ခွပ်!

"နာဂျယ်မင်း!!ရပ်စမ်း!!

အထိုးခံရတဲ့ကောင်ငယ်လေးမှာတော့ သွေးများဖြင့်ကြမ်းပြင်ပေါ်တွင်လဲကျနေလေသည်။ယိုယွင်းသွားတဲ့ အဝတ်အစားအားသေချာဆွဲချကာ ဖခင်ဖြစ်သူအားစိုက်ကြည့်ပြီး၊ပြုံးပြလိုက်သည်။

"Daddy ပဲ ကြည့်ရှင်းလိုက်၊ငွေပေါတယ်မလား၊အဟက်"!

ပြောရင်း သန့်စင်ခန်းဘက်သို့ထွက်လာကာ၊လက်ကသွေးများကိုရေဖြင့်သန့်စင်ရင်းမျက်နှာကိုပါဆေးကြောလိုက်သည်။မှန်ထဲကမြင်နေရတဲ့၊မိမိနဲ့ရုပ်တူနတ်ဆိုးလိုစက်ဆုပ်ဖွယ်ရာမျက်နှာအား၊လက်သီးဖြင့်ထိုးလိုက်ချိန်မာတော့၊လက်ထဲဖောက်ဝင်လာတဲ့မှန်စတချို့။

🍁Red Spider Lily🍁Where stories live. Discover now