❇15❇

111 15 3
                                    

❇🎼🎼🎼

ရုတ်တရက်ရွာချလာတဲ့မိုးတွေနဲ့အတူ၊ အပင်ခပ်ကြီးကြီးအောက်သို့ရွမ်ကျွင့်ပြေးကာ၊မိုးခိုလိုက်ပေမယ့်၊ကိုယ်လုံးလေးမှာလဲ စွတ်စိုသွားရလေသည်။

"ကျစ်"! "အချိန်အခါမဟုတ်ပဲ ၊ဘယ်လို​ကြောင့် ရွာချလာရတာလဲကွာ။

ရွမ်ကျွင့်မာအညိုရောင်ဆံပင်များကြား၊လက်ဖြင့်ထိုးဖွလိုက်ပြီး ငြူစူစွာပြောနေလိုက်သည်။ထိုစဥ် မိမိအနားသို့ကားအမဲတစ်စီးရပ်လာကာ။

"ဟေ့.....ဟွမ်းရွမ်ကျွင့်မလား၊ လာလေ.....ကားပေါ်တတ်။

ကားပေါ်က အနှီးလူသားကခေါ်နေပေမယ့်၊မာနခဲ ရွမ်ကျွင့်က ထိုအပင်အောက်ရပ်မြဲရပ်နေဆဲ။ဂျယ်မင်း စိတ်မရှည်ဖြစ်လာရကာ၊ကားပေါ်ကနေဆင်းဖို့ ကားတံခါးအားအဖွင့် ၊ရှေ့ခန်းက မိမိအဖေ၏ ကားသမားဦးလေးကြီးက ဟန့်တားလာသည်။

"သခင်လေး....ဆင်းလို့မရပါဘူး၊သခင်လေးမိုးမိပြီးဖျားရင် သခင်ကြီးက ဦးလေးကို အလုပ်ထုတ်လိမ့်မယ်.....။

"အဲ့တာ ခဗျားကိစ၊ ခုက ကျွန်တော့်အတွက်အရေးကြီးတဲ့လူက၊ ထပ်ပြီးမိုးရေထဲနေရင် ဖျားလိမ့်မယ်၊ အဲ့ချိန်ကြ ဦးလေးက တာဝန်ယူပေးနိုင်လို့လား။

ဂျယ်မင်းထိုသို့ပြောကာ၊အသင့်ပါလာတဲ့ ထီးလေးအားယူရင်း ရွမ်ကျွင့်အနားသိူ့အပြေးလေးသွားကာ၊ထီးဖွင့်ပြီးမိုးပေးလိုက်သည်။

"ငါ နဲ့ ဝေးဝေးနေစမ်းပါ ၊နာဂျယ်ရာ။

"ငါက မင်းအသက်တွေကြီးတဲ့ထိ၊မင်းအနားရှိနေမှာ ရွမ်ကျွင့်။

ဒါကတော့15နှစ်အရွယ် အထက်တန်းကျောင်းသားလေးနှစ်ယောက်ရဲ့ငယ်ဘဝပင်။ဂျယ်မင်းမှာ စဆုံထဲက မိမိထက် 7လပိုကြီးတဲ့အကိုသေးသေးလေး၊ဟွမ်းရွမ်ကျွင့်အား သူ့ညီ ဟွမ်းအင်ဂျွန်းထပ်ပိုတွယ်တာ၊ပိုချစ်မိသည်။ ငယ်ငယ်ထဲက ရွမ်ကျွင့်မျက်နှာရိပ်မျက်နှာကဲအား၊အတိအကျသိသူပင်။

"ရွမ်ကျွင့်နီး.....၊အာ...နာဂျယ်မင်း"!!

မိုးကာလေးကိုင်ကာ၊မိုးရေထဲပြေးလာတဲ့ဂျဲနိုက ရွမ်ကျွင့်နားရောက်ကာမှ၊ အမောဖြေရင်း သူ့ဘေးက ဂျယ်မင်းကိုတွေ့လိုက်ရလေသည်။ဂျယ်မင်းကိုတွေ့သည်နှင့် ဂျဲနိုမျက်နှာကမေးကြောတို့ကတင်းခနဲ။

🍁Red Spider Lily🍁Where stories live. Discover now