❇11❇

96 20 4
                                    

☂💚☂

"ဂျယ်မင်း ၊ မင်းဒယ်ဒီအပေါ် လုပ်တာများသွားပြီထင်တယ်။

Yutaကဆိုလာသည်။ဂျယ်မင်း ဒဏ်ရာနေရာကို မှန်ထဲကြည့်ကာ၊မိမိအိပ်ယာပေါ်တင်ပလွဲထိုင်ထားတဲ့ ယုတ အား၊ ခပ်ထေ့ထေ့မှန်ကနေတဆင့်ကြည့်ကာ၊ဆိုလိုက်သည်။

"ငါ ဘာလုပ်လုပ်၊ ငါ ဖြေရှင်းနိုင်တယ်၊ယုတ။ တစ်ခုပဲ ငါအမြတ်နိုးဆုံးအရာတွေကိုတော့၊ငါအနားမှာကြာကြာမထားနိုင်ဘူး၊ အဟက်။

ယုတ ကဘာကိုဆိုလိုတာလဲ၊ဟူသောအမူအရာဖြင့် မေးဆတ်ပြလာသည်။ထိုအမူအရာအားဂျယ်မင်းကတုံ့ပြန်သည်အနေဖြင့်၊မျက်ခုံးသာပင့်ပြ လိုက်တော့၊ယုတ ကအိပ်ယာပေါ်ကထကာ၊ပခုံးအားလက်သီးဖြင့်ထိုးပြီး၊နှုတ်ဆတ်ကာထွက်သွားလေသည်။တံခါးနားရောက်ပြီးမှ၊ယုတ က တခုခုကိုသတိရဟန်လည်ပြန်လှည့်လာလေသည်။

"ဂျယ်မင်း ၊ငါတို့ ဒီည moonlight Barကို7:00မှာသွား​ကြမာ၊ မင်းကျ်ိန်းသေလိုက်မှရမယ်၊ငြင်းရင် ငါ့ အမနဲ့ညားပါစေ။

"Wft?!.ယုတ၊ မင်းကတော့ -ီးပဲ၊ငါလာခဲ့မယ်၊လာရင်ရပြီးမလား၊အဲ့ကျိန်စာကြီးတော့ -ီးပဲ။

လက်ခလယ်ထောင်ပြကာ၊ဆဲရေးလိုက်တော့.၊ယုတ က တဟားဟားအော်ရယ်ကာထွက်သွားလေသည်။ယုတ အမကမိမိကိုစိတ်ဝင်စားနေသည်ကိုသိပေမယ့်၊မသိသလိုသာရှောင်ဖယ်ထားလိုက်သည်။မှန်ထဲကကိုယ့်ကိုကိုယ်ကြည့်ရင်း ဂျယ်မင်း သက်ပြင်းချကာ၊ထိုနေရာမှလဌည့်ထွက်လာလိုက်သည်။စားပွဲပေါ်ကဖုန်းအားကောက်ယူကာအိတ်ကပ်ထဲထည့်ဟန်ပြင်တုန်း
မင်ဟျောင်းဆီမှ massageဝင်လာသည်မို့ ၊ဝင်ကြည့်လိုက်တော့
​ဝင်လာတဲ့စာကြောင်းလေးအားဝင်ဖတ်မိချိန်၊ဂျယ်မင်းအကျေနပ်ကြီးကျေနပ်ကာ ပြုံးလိုက်မိသည်။

"ဂိမ်းက စ နေပြီပဲ၊ဒယ်ဒီကိုခြေတလှမ်းအရင်ပေးလှမ်းထားမယ်၊အေးဆေးပေါ့။

ဖုန်းကwallpaperလေးအားကြည့်ချိန်၊ဂျယ်မင်းစိတ်ထဲ ဆောင်းလေပြေလေးတိုးဝှေ့သလိုအေးချမ်းသွားသည်။ထို

အပြုံးပိုင်ရှင်လေးကနှင်းဆီအဝါလေးလက်ထဲကိုင်ကာ၊သူ့မူပိုင်အပြုံးလေးဆင်မြန်းထားသည်က၊​မြင်ကသူတိုင်းစိတ်ထဲကြည်နူးမိမှာအမှန်ပင်။

🍁Red Spider Lily🍁Where stories live. Discover now