🎼➡🎼➡
"ကင်... မီနာ"!?
"ဟင်?....ရှင် ရှင်က ဟိုလူ။!
မိမိအားကြည့်ကာတုန်ယင်စွာဖြင့်ပြောလာတဲ့သူမကိုကြည့်ကာ၊"ဟက်ခနဲ"ရယ်ချရင်း သူမအနားသို့ တိုးကပ်သွားလိုက်သည်။
"မင်း ငါ့လက်က ပြေးလွှတ်တာကလဲ၊4ရက်တောင်မကြာပါလား၊ဟင်!။
ဂျယ်မင်း "ခနဲ့" လိုက်ကာ၊သူမ မျက်နှာအား မေးကနေဆွဲယူကာညစ်ကိုင်ထားလိုက်သည်။မျက်နှာတွင် ဒဏ်ရာများက၊မြင်မကောင်းအောင်ထိ ရှိနေတာမို့၊ယခင်သူမ၏ လှပမှုက နည်းနည်းတောင်ရှိမနေပါ။ဂျယ်မင်းကျေနပ်သလိုပြုံးလိုက်ပြီး၊သူမအား တည့်မတ်စွာစိုက်ကြည့်ရင်းဆိုလာသည်။
"ပြေးမယ်ဆိုလဲ ၊ ငါ့ အရိပ်အာဝါသထဲ ကနေလွတ်အောင်ပြေးလေ ကင်မီနာ၊ခုတော့ ငါက လိုက်ဖမ်းစရာမလိုပဲ မင်းက၊ငါ့ ဆီတည့်တည့်ရောက်လာတာပဲ ၊အဟက်။
"နာဂျယ်မင်း ၊ ရှင် ကျွန်မကို အနိုင်ကျင့် ရက်စက်ပြီးပြီပဲ၊ ခု လွှတ်ပေးတော့လေ ၊ ရှင်နှိပ်စက်တာ2လကျော်နီးပါးရှိတယ်လေ။!!!!
သူမက ဂျယ်မင်းလက်ကနေရုန်းကာ၊အော်ပြောလိုက်သည်မို့ဘားထဲက လူတွေအကြည့်က၊ဂျယ်မင်းထံ စုပြုံလို့လာသည်။သူမစကားကြောင့် ဒေါသက ပိုထွက်လာကာ၊ရိုက်မည်အလုပ် ယုတ က လက်ကို ဝင်ဆွဲကာတားလေသည်။
"နာဂျယ် ၊ မင်း စိတ်ထိန်းအုံး၊ မင်းဂုဏ် သိခါရှိသေးတယ်၊ခုလိုအပေါစားမိန်းမတယောက်အတွက် မင်းဂုဏ်သိခါတွေ လဲမလို့လား။
ဂျယ်မင်း စိတ်ကိုအတတ်နိုင်ဆုံးလျော့ချကာ၊ယုတ လက်အားဖယ်ချလိုက်ပီး၊ မီနာအား လက်ညိုးထိုးလိုက်ကာ ဆိုလိုက်သည်။
"မင်း အပြစ်က အဲ့လောက်နဲ့မပြီးသေးဘူး၊မင်း ထိခိုက်လိုက်တာက သူ့တစ်ဘဝလုံးစာကွ၊နားလည်ရဲ့လား။
"ရှင် ဝဋ်လည်မှာကို မကြောက်ဖူးလား၊ ရှင် ကျွန်မ အပေါ်အခုလိုလုပ်နေတာ ၊တနေ့ဝဋ်လည်မယ်။
"ဟား ဟား ၊မင်း မှတ်ထား၊နာဂျယ်မင်းကို အပြစ်ပေးနိုင်တဲ့လူကမမွေးသေးဘူး၊အေး မွေးဖွားခဲ့ရင်လဲ သူကပေးတာဖြစ်လို့ ငါခံယူမယ်။
YOU ARE READING
🍁Red Spider Lily🍁
FanfictionNorenmin☂☂ ခွဲခွာရမယ့် ဇာတ်သိမ်းခန်းရှိပြီးသား သူစိမ်းနှစ်ယောက်က ဘာအတွက်များ ဆုံတွေ့ခဲ့ကြရတာလဲ..''တဲ့ "Red Spider Lilyလေးတွေရဲ့flower Languageက နောက်ဆုံးနှုတ်ဆတ်ခြင်းတဲ့"