❇13❇

118 26 6
                                    


🎼☂🎼

အခန်းထဲစာရွက်တွေရှုပ်ပွနေကာ၊စာရင်းတွေထဲခေါင်းစိုက်နေတဲ့သူတစ်ဦးရှိလေသည်။စားပွဲပေါ်က စာရွက်လက်ကျန်များအား၊ဖယ်ချပစ်ကာ သက်ပြင်းအရှည်ကြီးတစ်ခု ချမိနေတာအကြိမ်ကြိမ်ပင်။ထိုစဥ်အခန်းတံခါးအားဖွင့်ရင်းဝင်လာသူကြောင့်၊မင်ဟျောင်းတံခါးပေါက်ဆီအကြည့်ပို့လိုက်သည်။

"အို့----စစ်ဖြစ်နေတာလား၊မာ့စ်ခ်ခု။အခန်းတွေရှုပ်ပွနေတာပဲ။

ယုတ ကြမ်းပြင်ပေါ်ကစာရွက်ကိုကောက်ယူလိုက်ကာ၊ပြောလာတော့ မင်ဟျောင်းခေါင်းသာခါရမ်းမိသည်။

"ဘာမှ မဟုတ်ပါဘူးကွာ၊ ဒီတိုင်း ကနေဒါဘက်က က်ိစလေးနည်းနည်းပေါ်လာလို့။

မင်ဟျောင်း လက်မနဲ့လက်ညိုးကို ၊ ထိစပ်ရုံလေးကွေးပြကာ ဆိုလိုက်၏။ယုတ က ပြုံးပြရင်းမင်းဟျောင်းစားပွဲပေါ်တင်ပလွဲထိုင်လာသည်။

"ငါ ကူညီဖို့ လိုသေးလား၊ မင်ဟျောင်း ။ကနေဒါဘက်ကဆိုလဲ ငါကူညီနိုင်တယ်။

"ရတယ် ၊ငါ့ ဘာသာဖြေရှင့းနိုင်တယ် ယုတ။အခုတော့ စာရွက်ပေါ်က မင်း ဖင် တချက်လောက်....။

အဆုံးထိမပြောပဲ ၊ဆ်ိုဖာဘက်ကိုခေါင်းငဲ့ပြလာတဲ့ မင်ဟျောင်းကြောင့် ယုတ ဆိုဖာထက်ရွေ့ထိုင်ပေးလိုက်သည်။

"နာကာမိုတိုယုတ ၊ ငါမင်းကိုတစ်ခုမေးချင်တယ်။ မင်းတကယ်ပဲ မီနာ ကို ဘယ်လိုထားလဲသ်ိချင်တယ်။

မင်ဟျောင်း အမေးကြောင့်၊ယုတ အပြုံးတို့ပျောက်ကွယ်လာရသည်။ဖတ်နေတဲ့စာရွက်အား၊ ကြမ်းပြင်ပေါ်ပစ်ချကာ ရှေ့ကမင်ဟျောင်းအား ရှုတည်တည်ကြည့်လာပြီး ဆိုလာ၏။

"ငါ သူ့ ကို သတ် ပြီး ၊ ဆေးရည်စိမ်ထားလိုက်တယ်လေ ၊အဟက်။

".........."

🎼☂🎼

ဂျယ်မင်း ညာလက်တစ်ဖက်တွင် ပတ်တီးဖြူဖြူက၊တည်ရှိနေလေသည်။ဂျယ်မင်း ဂျပန်မှာရှိတဲ့ ကုမဏီရှယ်ယာ စာရွက်တွေအား၊တစ်ခုချင်းကြည့်နေလိုက်ရင်း ဖုန်းထဲဝင်လာတဲ့ မက်ဆေ့​ကြောင့် ၊နှုတ်ခမ်းတစ်ချက်တွန့်ရုံပြုံးလိုက်မိသည်။ထို့နောက်ဖုန်းအား၊စားပွဲပေါ်ပြန်ချကာ၊ ဆေးလိပ်အားမီးဖွာနေရင်း၊ဆိုဖာပေါ် ခေါင်းမှီထားလိုက်သည်။

🍁Red Spider Lily🍁Where stories live. Discover now