✳16✳

130 20 5
                                    

💚🙌

ရွမ်ကျွင့်
​​ဗီလာရဲ့လသာဆောင်ဘက်ကိုထွက်ကာ၊စိမ်းစိုနေသောတောအုပ်ဘက်အချိန်ကြာကြီးငေးကြည့်နေမိသည်။လေတစ်ချက်အဝှေ့မှာတော့ တီရှပ်အဖြူပါးလက်ရှည်လေးကိုဝတ်ဆင်ထားတာကြောင့်၊စိမ့်ခနဲဖြစ်သွားရသည်။လက်နှစ်ဖက်အားရင်ဝယ်ပိုက်ကာ သက်ပြင်းဖွဖွချရင်း၊ဗီလာထဲဝင်မည်အလုပ် မိမိနောက်ကျောဘက်ကကိုယ်ငွေ့နွေးနွေးအားခံစားမိလိုက်သည်။ထို့နောက်မှာတော့ ခါးတစ်ဝှိုက်သွယ်ယှက်လာတဲ့လက်တစ်ဖက်။

"Jaemin!"

"အင်း...အေးနေတယ်မလား၊ဖက်ထားပေးမယ်။အရမ်းမရုန်းနဲ့ကိုယ်လက်နာနေတယ် Ren"!

နောက်ကျောဆီကနေ အသံဖွဖွဆိုလာလေသည်မို့၊ရုန်းကန်ခြင်းမပြုတော့ပါပဲ ရပ်တန့်လိုက်တော့သည်။

အချိန်တစ်ခုထိနေရင်း၊ဂျယ်မင်းဆီက အသက်ရှုသံအပူလှိုင်းလေးမှာ သာမာန်ထက်ပိုနွေးသည်ကို သတိထားမိချ်ိန်မှာတော့၊ခါးထက်က လက်ပေါ်အုပ်ကိုင်ရင်း

"Jaemin!  မင်း ကိုယ်တွေ နွေးနေတယ်၊အထဲဝင်​ကြရအောင်"!

သူက ခါးထပ်သွယ်ယှက်ထားသောလက်အားဖြုတ်ချလိုက်ကာ၊ ဘာတစ်ခွန်းမျှမဆိုပဲ ဗီလာထဲသို့ဝင်သွားကာ သူ့အိပ်ခန်းဆီတန်းတန်းမတ်မတ်ဝင်သွားလေတာမို့၊ ရွမ်ကျွင့်ခြေလှမ်းခပ်သွက်"လျှောက်ကာ လိုက်သွားလိုက်သည်။

"Jaemin"!

အိပ်ယာပေါ်ကွေးကွေးလေးလှဲနေတဲ့ ဂျယ်မင်းက မျက်လုံးအနည်းငယ်ဖွင့်ကာကြည့်လာသည်။ရွမ်ကျွင့် သူ့အနားလျှောက်သွားလိုက်ကာ

"မင်း မသက်သာဘူးမလား၊​ဆေး
ရုံသွားရအောင် Jaemin၊ မင်း အဖျားတတ်နေပြီ ဒီအတိုင်းဆို မင်းသတိပါလစ်သွားမယ်။

"ကိုယ် တကယ် အဆင်ပြေတယ် Ren၊ ခဏ ပဲ ထပ်အိပ်ချင်လို့ မင်းကိုယ့်အနားရှိပေးနိုင်မလားဟင်။

"အင်း... ငါ မင်းနိုးလာချိန်ထိရှိပေးမှာမို့၊ ဆန်ပြုတ်စားပြီး ဆေးသောက်ပြီး အိပ်ရအောင်။

ဂျယ်မင်း ကုတင်ထိပ်ဆီတိုးကပ်သွားကာ၊ကျောမှီလိုက်ပြီး ရွမ်ကျွင့်အအေးခံပေးထားသောဆန်ပြုတ်အနည်းငယ်ကိုသောက်ကာ၊ဆေးသောက်ရင်း အိပ်စက်ဖို့ပြင်နေတုန်း ရွမ်ကျွင့်က ကုတင်ပေါ်တတ်လို့လာသည်မို့၊အနည်းငယ်ကြောင်အသွားရသည်။

🍁Red Spider Lily🍁Where stories live. Discover now