❇🎼❇
"ရွမ်ကျွင့်နီး"!
နှာခေါင်းသွေးများကျပြီး ၊မြေပြင်ပေါ်လဲကျရင်းဗိုက်ကိုဖိကာ၊ ပုဇွန်ကွေးကွေးထားသည့် ရွမ်ကျွင့်ကို မြင်လိုက်ရသည်ကြောင့်၊ဂျယ်မင်းအပြေးသွားလိုက်ကာ၊ ရွမ်ကျွင့်အနား ရပ်နေသည့် လူအား ထိုးချလိုက်သည်။
"ခွပ်"! "အာ့"!
လူသန်ကြီး သုံးယောက်လုံးကို၊စိတ်ရှိတိုင်းထိုးနက်လိုက်သည်။ထိုသုံးယောက်လုံးမျက်နှာစုတ်ပြတ်သတ်သွားမှ၊ဂျယ်မင်းထရပ်လိုက်သည်။ထိုစဥ် မိမိနောက်လိုက်လူများရောက်လာတာကြောင့်၊ဂျယ်မင်း ရွမ်ကျွင့်အနီးဆီသွားလိုက်သည်။ခေါင်းတွင်ချွေးတွေစို့နေကာ၊နှုတ်ဖျားကနေ နာကျင်မှုကိုခံတုရင်း၊ည ည်းသံသဲ့သဲ့တို့ထွက်နေလေသည်။
"တောင်းပန်ပါတယ် သူဌေး၊ ကျွန်တော်တို့ ရောက်တာနောက်ကျသွားပါတယ်။
အဖွဲ့ထဲမှခေါင်းတောင်ဖြစ်ဟန်တူသည့်၊တစ်ယောက်က ဦးညွှတ်ကာတောင်းပန်လာသည်။
"မလိုဘူး ၊မင်းတို့ ဒီဆိပ်ကမ်းက သားကောင်တွေအကုန်၊ဖမ်းလာခဲ့၊တယောက်မကျန်။
"အမိန့်အတိုင်းပါ ၊သူဌေး။
ဂျယ်မင်းခေါင်းညိတ်ပြလိုက်ကာ၊ရွမ်ကျွင့်နားခေါင်းကထွက်နေသည့်သွေးစတ်ို့အား၊မိမိလက်ကိုင်ပုဝါဖြင့် အသာအယာဖယ်ရှားပေးလိုက်သည်။ထို့နောက် မိမိနောက်နားကလူဆီငဲ့စောင်းကြည့်ရင်းပြောလိုက်သည်။
"အဲ့ အတွက် မင်း ပြန်ပေးဆပ်ရလိမ့်မယ်၊ ကင်ထယ်ဟွမ်း။
"ငါ....ငါ မရည်ရွယ်ပါဘူး ၊သူဌေးနာ။
တုန်ယင်စွာဖြင့်၊ မိမိ လူတွေဆီကချုပ်ခံထားရ ရင်း၊အနည်းငယ်ရုန်းကန်ကာ
မန်နေဂျာကင်က ဆိုလာသည်။"ငါ ပေးတဲ့လက်ဆောင်ကလဲ၊ မင်းအတွက်မရည်ရွယ်ပဲ ပေးတာလို့၊ မှတ်လိုက်။
ဂျယ်မင်း ပျော့ခွေနေသည့်၊ရွမ်ကျွင့်ကိုယ်အား၊ဒူးကောက်ကွေးကနေပင့်၍ပွေ့ရင်းပြောလာသည်။
"ဂျယ်မင်းနီး~~~ငါ့ ~~~ဗိုက်ကအရမ်း နာတယ်..."
ရွမ်ကျွင့်တိုးတိုးလေးဆိုလာရင်း၊ဂျယ်မင်းလည်တိုင်ကကော်လဲစကို ဆွဲဆုပ်ကာ၊ပြောလာသည့်အချ်ိန် ဂျယ်မင်းမေးကြောတို့က ၊တင်းကာလာတော့သည်။
YOU ARE READING
🍁Red Spider Lily🍁
FanfictionNorenmin☂☂ ခွဲခွာရမယ့် ဇာတ်သိမ်းခန်းရှိပြီးသား သူစိမ်းနှစ်ယောက်က ဘာအတွက်များ ဆုံတွေ့ခဲ့ကြရတာလဲ..''တဲ့ "Red Spider Lilyလေးတွေရဲ့flower Languageက နောက်ဆုံးနှုတ်ဆတ်ခြင်းတဲ့"