❇8❇

91 22 3
                                    


☂-------

ရွမ်ကျွင့် အခန်း ရှေ့ ဂျယ်မင်းရပ်နေသည်မှာ အတော်ပင်ကြာနေ​ြပီဖြစ်၏။သူဘယ်ကနေဘယ်လိုစပြီး ပြောရမှန်းတောင်မသိပေ။စောနက ဆရာဝန်ပြောခဲ့သည်များကို ရွမ်ကျွင့်အားမည်သို့ပြောပြရပါမည်နည်း။ခေါင်းအား အသာခါရမ်းကာ အံကြိတ်ထားမိသည်။

"ဂျယ်မင်း"!

"-----"

ဘယ်ဘက်ပခုံအားဖျစ်ညစ်ကာ ခေါ်လာတဲ့အကို ဒိုယောင်းလက်အား ဂျယ်မင်းပုတ်ထုတ်လိုက်သည်။

"အကို ပြန်နှင့်။ ရွမ်ကျွင့်ကို ကျွန်တော် ပြောပြလိုက်မယ်။"

"အင်း ၊မနက်ဂျပန်ကို တန်းပြန်လာခဲ့ဖို့၊မင်း အဖေခုတင်ပြောလိုက်တယ်။နောက်မကျစေနဲ့"!

ခေါင်းအသာညိတ်ပြကာ၊ရွမ်ကျွင့်အခန်းထဲဝင်လာခဲ့တော့ ကုတင်ပေါ် မေ့ဆေးအရှိန်နဲ့ အိပ်ပျော်နေတဲ့ကောင်ငယ်လေး။နှလုံးခွဲစိတ်​ဆရာဝန်ဖြစ်ဖို့စာသင်နှစ်တွေမှာ အသည်းအသန်ကြိုးစားခဲ့ရွမ်ကျွင့်က ၊ ခု သူ့အိမ်မက်ကို ညတွင်းချင်း စွန့်လွှတ်ရတော့မယ်ဆိုတာကို သူသိခဲ့ရင်၊ဘယ်လောက်တောင် စိတ်ဓာတ်ကျသွားမလဲ။ဘယ်လောက်တောင်တုန်လှုပ်သွားအုံးမလဲ။မသိလိုက်ခင်မာပင် မျက်ရည်တို့က ပါးထက်လှိမ့်ဆင်းလာတာမို့ လက်ဖဝါးဖြင့် အလျင်အမြန်ဖယ်ရှားကာ ၊ကုတင်နားသိူ့အလျင်အမြန်သွားလိုက်ပီး လက်ဖဝါးလေးအားဆုပ်ကိုင်လိုက်တော့ ၊သိပ်လှတဲ့ မျက်တောင်စိပ်စိပ်လေးတွေကလှုပ်ရှားကာ ပွင့်ဟ လာတော့သည်။

"ဂျယ်မင်း"!

"အင်း ငါပဲ၊ ခုဘယ်လိုနေသေးလဲ၊သက်သာရဲ့လား"!

ငိုသံစွတ်နေတဲ့ အသံကို အံကြိတ်ကာထိန်းပြောတော့ ပါးစောင်နှစ်ဖက်ကတင်းထွက်နေတော့သည်။

"ငါက ဘယ်သူမလို့လဲ၊ ဒီလောက်လေးက ငါ့ကိုပြိုလဲမသွားဘူး၊ငါဘာမှမဖစ်တာမို့မင်းဒေါသလျော့သင့်ပီ။

"ရွမ်ကျွင့် ငါပြောမဲ့စကားကိုသေချာနားထောင်၊ဒါကြားပြီးရင်
မင်း ငိုချင်ငိုချလို့ရတယ်။

"ဂျယ်မင်းနား ၊ မဟုတ်မှလွဲရော ငါလက်က---"!

မျက်ရည်လေးများရစ်သိုင်းလာကာ နှုတ်ခမ်းဖျားများတဆတ်ဆတ်တုန်ယင်လာတဲ့ရွမ်ကျွင့်ကို ကြည့်ပြီး၊ ဂျယ်မင်း အတတ်နိုငိဆုံးအသံထိန်းကာပြောလိုက်သည်။

🍁Red Spider Lily🍁Where stories live. Discover now