❇10❇

84 22 2
                                    

☂💙

"ဂျဲနို"!

"အာ့"!

ဂျီဆောင်းကို ကားနောက်ဖုံးပေါ်ဆောင့်တွန်းကာ၊လက်ထဲက နှင်းဆီအပြာအားဆွဲလုလိုက်တဲ့ဂျဲနိုကြောင့် ဂျီဆောင်းရော ၊ကျွန်တော်ပါ ကြောင် အ နေမိသည်။ဂျဲနို လုလိုက်တာကြောင့် ဂျီဆောင်းလက်တွင် နှင်းဆီအဆူးများစိုက်ဝင်ကုန်သည်။သွေးများက ဂျီဆောင်းရော၊နှင်းဆီစည်းအားကျစ်နေအောင်ဆုပ်ကိုင်ထားတဲ့ ဂျဲနိုလက်မာပါရှိနေလေသည်။လက်တဖက်ကတော့ဂျီဆောင်းလည်ပင်းနားကအကျီ် စအား ဆုပ်ကိုင်ထားလေသည်။

"ဂျဲနို ၊ ခုလွှတ်လိုက်"!

ရွမ်ကျွင့်လက်တွေက ဂျီဆောင်းအကျီ် အားဆုပ်ကိုင်ထားတဲ့လက်ကို ဖယ်နေပေမယ့်မရ။

"မင်း ကို မေးနေတယ်၊ဘသူ့ခွင့်ပြုချက်နဲ့ ထိရဲတာလဲ"?

ပန်းလေးခူးတာကို အကဲပိုနေတဲ့ဂျဲနိုကို ဂျီဆောင်းအတော်ပင်စိတ်ပျက်လာတာကြောင့် ဟက်ခနဲ ရီကာ၊ဂျဲနိုလက်အားအကြမ်းပတမ်းဆွဲဖယ်တော့၊ဂျဲနိုကလဲ အကြောမခံ အတင်းအကျပ်ဆုပ်ကိုင်ထားတော့သည်။

"ပန်းမခူးစေချင်ရင်၊ မစိုက်ထားနဲ့"!

"ခွပ်"!

"ရား!!!!!ဂျဲနိုလီ"!

ဂျီဆောင်း ဒေါသထွက်လာကာ၊တလုံးချင်းပြောလိုက်တော့
တဖက်လူရဲ့တုံ့ပြန်ချက်​ကြောင့်
ကိုယ်လုံးကမြေပေါ်လှဲကျကာ၊
ပါးကပူခနဲဖစ်သွားပြီး၊
ပါးစောင်ကပါ ငန်ကျိကျိအရသာကိူခံစားလိုက်ရသည်။

"ဂျီဆောင်း ၊ ရ ရဲ့လား.!ထကြည့်ဦး....ဂျီဆောင်း ကော ကို အခန်းထဲသွားစောင့်နေပေး။ခဏနေ ကော ဆေးလာထည့်ပေးမယ်။

ဂျီဆောင်း ထရပ်ကာ ၊ရွမ်ကျွင့်ကို အပြုံးရေးရေးပြုံးပြကာ၊အိမ်ပေါ်ထပ်ဆီသိူ့ တတ်လာခဲ့လိုက်သည်။

"လီဂျဲနို ၊ မင်း ဒါ ဂျီ​ဆောင်းအပေါ်ဘယ်လိုစော်ကားလိုက်တာလဲ ၊သူက ငါတို့ကို အားကိုးပြီး ဒိီမာ လာနေတာကို မင်းကခုလိုလုပ်လိုက်ရလား၊ ငါ မင်းကို စိတ်ပျက်မိပြီ။

ထိုသို့ပြောကာ ရွမ်ကျွင့်အပေါ်ထပ်သို့တတ်သွားလေသည်။ချစ်ရသူရဲ့နောက်ကျောကိုကြည့်ကာ ၊ဘယ်ဘက်မျက်ဝန်းမှ မျက်ရည်စက်ကပေါက်ခနဲ။

🍁Red Spider Lily🍁Where stories live. Discover now