+ 𝟬𝟭

718 58 16
                                    

ငါတို့နှစ်ယောက်က တွေ့မိတာနဲ့ ဘုနဲ့ဘောက် ...

------------X-----------

တီ တီ တီ ~

အဆက်မပြတ် မြည်နေတဲ့ ဖုန်း alarm သံကို အိပ်မှုန်စုံမွှားထပိတ်လိုက်တယ်။ နိုးလာချိန် ရစ်ခီနာရီကို လှမ်းကြည့်တော့ အချိန်က 8:30.

"အာ ဒီနေ့ တရားခွင် ရှိသေးတာပဲ"

ပျင်းရိနေတဲ့စိတ်ကို ခဏ ခွါချကာ ရေချိုးခန်းထဲ ဝင်သွားတယ်။ ပြီးတာနဲ့ ဗီရိုထဲက ကြည့်ကောင်းလောက်မယ်ထင်တဲ့ ရှပ်တစ်ထည်ကို အကျအန ထုတ်ဝတ်တယ်။

တစ်ဦးတည်း နေတဲ့အခန်း ဖြစ်ပေမယ့် ပစ္စည်းတွေကတော့ ရှုပ်ပွနေတယ်။ အထူးသဖြင့် သူ့စာကြည့်စားပွဲက စာရွက်စာတမ်းတွေက စုပြုံ နေရာယူထားတယ်။ မနေ့ညက အပြင်က ပြန်ရောက်တာနဲ့ တန်းဝင်အိပ်ဖြစ်တာမို့ ပုံမှန်ထက်တောင် ပိုရှုပ်ပွနေသယောင်။

ကိုယ်ပေါ်မှာ အံဝင်ခွင်ကျ ဖြစ်သွားတဲ့ ရှပ်အဖြူရောင်ကို မှန်ကနေတဆင့် ကြည့်ရင်း ရစ်ခီ စိတ်တိုင်းကျမိတယ်။ ပြီးတော့ သူ့ရဲ့ဆံသားဖြူဖြူလေးတွေကို ပုံစံကျအောင် ပုံသွင်းယူတယ်။

အပြင်အဆင် အကုန်ပြီးသွားတော့ အိပ်ယာဘေးမှာ တင်ထားတဲ့ အမှုတွဲဖိုင်ကို ယူပြီး ထမင်းစားခန်းဆီ ဆင်းလာလိုက်တော့တယ်။

တီ တီ တီးးး ~

"အင်း မား။ ဘာပြောမို့လဲ"

"ဒီနေ့ တရားခွင် ရှိတယ်လေ။ အခု သွားတော့မလို့"

"ကောင်းကောင်း ရှိနေပါတယ်ဆို။ ဒါပဲ မေးချင်တာမလား ဖုန်းချပြီ"

လက်ထဲကဖုန်းကို ထမင်းစားပွဲပေါ် တင်ပြီး အမှုတွဲဖိုင်ကိုသာ မျက်တောင်မခတ် ဖတ်ကြည့်နေတုန်း။

"ရှန်ရွေ့လေး ဒါစားပြီးမှ ဆက်ဖတ်လေ"

မနက်စာကို စာဖတ်နေတဲ့သူ့ဆီ တိုးပေးတဲ့သူကို ကြည့်ရင်း ရစ်ခီ တစ်ချက် ပြုံးပြတယ်။ အန်တီက ငယ်ငယ်တည်းက သူ့ကို ထိန်းလာတဲ့အပြင် ကိုရီးယားကို သူပြောင်းလာတော့ သူ့နောက်ကို လိုက်လာပြီး နောက်ကွယ်ကနေ မားမားမရှိချိန် စောင့်ရှောက်ပေးနေတာ။

𝙀𝙞𝙩𝙝𝙚𝙧-𝙊𝙍Where stories live. Discover now