တစ်ခါတလေကျ သူက သူနဲ့ မတူပြန်ဘူး။ ထူးခြားစွာ ပြုမူပြန်ရော ...
------------X-----------
"ရစ်ခီရှန် မင်းရူးနေတာလား"
"ငါ့အမှု့ရဲ့ သက်သေကို ဖျောက်ပစ်တဲ့ မင်းလောက်တော့ မရူးလောက်သေးဘူး ထင်တာပဲ"
ရစ်ခီက ထယ်ရယ့်ကို ကြည့််ပြောနေပေမယ့် မုန့်စားတော့ မပြတ်။
"အဲ့ဒါက ငါမလုပ်-"
"မနေ့က ကိုယ်တိုင် ဝန်ခံခဲ့တယ်လေ။ နေပါဦး အသံသွင်းထားတာတောင် ရှိပါသေးတယ်"
အဲ့လိုတွေ ကင်မ်ထယ်ရယ်တို့ ဖင်ပိတ်ငြင်းတော့မယ်ဆိုတာ သိနေလို့ ကြိုပြင်ဆင်သွားတာ မှန်သွားတယ်။
ပြောရင်းဆိုရင်း ရစ်ခီက သူ့လက်ထဲက ဖုန်း recording list ကို ဖွင့်ပြတော့။
"ရားးး ရစ်ခီရှန်။ အဲ့လို သူများအသံကို ခွင့်ပြုချက်မပါဘဲ ယူထားတယ်ဆိုရင် ဥပဒေအရ ငါမင်းကို တရားဆွဲလို့ရ-"
"လက်ရှိမှာ ငါတို့က လက်ထပ်ထားတာ အင့်"
စကားတောင်မဆုံးလိုက် ထယ်ရယ် အမြန်ပြေးသွားပြီး လက်တစ်ဖက်က ရစ်ခီ့ပါးစပ်ကိုပိတ်၊ တစ်ဖက်ကလည်း လက်ထဲကဖုန်းကို အတင်း လိုက်လုနေမိတယ်။
ပါးစပ်ပိတ်ထားတဲ့ကြားကကို ရစ်ခီရှန်က သူ့ဖုန်းကို လက်တံရှည်တွေနဲ့ အပါမခံ။
"အဲ့အကြောင်းကို ဘာလို့ ပြောနေတာလဲ။ ရူးနေပြီလား ရှန်ချွမ်ရွေ့"
"ဟဲ့ ကလေးတွေ ဘယ်လိုတောင် ဖြစ်နေကြတာလဲ ပန်းကန်တွေ ကွဲတော့မှာပဲ"
အလန့်တကြား အော်လိုက်တဲ့ အန်တီ့ကြောင့် ထယ်ရယ်တို့ အမြန် လူစုခွဲလိုက်တယ်။
"မကြီးမငယ်နဲ့ ရန်ဖြစ်နေကြတာ ရုံးမသွားဘူးလား"
"အာ ဟုတ်သား။ ဒီနေ့ ချိန်းထားတာ ရှိတာ"
ပြောရင်း ထယ်ရယ်က အိတ်ကို ဆွဲကာ အမြန်ပြေးထွက်ခဲ့တယ်။ ကားပါကင်ရောက်တော့ သူ့ကားကမရှိ။ ပြင်ဖို့ ပို့ထားလိုက်ပြီ ထင်တယ်။
ရစ်ခီရှန် ရစ်ခီရှန် တကယ်ကြီး လုပ်တာပဲ။
မတတ်နိုင်။ Taxi နဲ့ပဲ ရုံးကို သွားတာပေါ့။ ဒင်းကားနဲ့တော့ ဘယ်လိုမှ မလိုက်နိုင်လို့ တွေးဆပြီး ခဏအကြာ လမ်းထိပ်နားကို အရောက်။

YOU ARE READING
𝙀𝙞𝙩𝙝𝙚𝙧-𝙊𝙍
Fiksi Penggemar"I can only hear your nagging, let's stop" // Ricky and Taerae • Written in burmese • Fanfiction