စတွေ့တည်းက တကျက်ကျက်က အခုအချိန်ထိ ...
------------X-----------
ရစ်ခီရှန်နဲ့ ထယ်ရယ့်ရဲ့ ရေစက်က သူရဲ့ အထက်တန်း ဒုတိယနှစ်က စတယ်။
"ဟေး ဟေး ထယ်ရယ်။ ဟျောင်းလာတယ်"
ခြံထဲမှာ ဖြေရှင်းလို့မရတဲ့ သင်္ချာပုဒ်စာကြောင့် စာရွက်မျိုးစုံ ရှုပ်ပွကာ စားပွဲမှာ ကုပ်ကုပ်လေးတွက်ရင်း အဖြေရှာနေတုန်း အဝင်တံခါးက ခေါ်သံကြားလို့ မော့လိုက်တဲ့အခါ ရင်းနှီးနေတဲ့ မျက်နှာတစ်ခုကြောင့် နှစ်လိုအားရ ပြုံးမိကာ။
"ဟာအိုဟျောင်း"
မနှစ်က အိမ်ကို ဟာအိုဟျောင်း သူ့ဆီ ဂိုက်လာပြပေးတုန်းက စသိခဲ့ကြတာဖြစ်သည်။ ရုပ်ရည်ချောမောတဲ့အပြင် အတွက်အချက် ပိုင်နိုင်တဲ့ ဟာအိုဟျောင်းကြောင့် သူနားမလည်ခဲ့တဲ့ ပုစ္ဆာတွေ ရှင်းနိုင်ခဲ့တာ အများကြီး။
ထယ်ရယ်ဆီ ဖြေးဖြေးလျှောက်လာတဲ့ ဟျောင်းရဲ့ဘေးမှာတော့ ကောင်လေးတစ်ယောက်က မျက်နှာထား တည်တည်နဲ့ လိုက်ပါလာတယ်။ ပုံစံက အရပ်ရှည်ရှည်၊ ဆံပင်အဖြူနဲ့မို့ သူတို့ထက် အသက်ကြီးမယ်လို့ မှန်းဆလိုက်မိတယ်။
"ဟျောင်း ဘာကိစ္စရှိလို့လဲ"
"ဒီလိုပါပဲ။ ထယ်ရယ် စာတွေလိုက်နိုင်လား အဆင်ပြေလား လာမေးတာ"
တွက်လက်စကို ခဏ ချထားပြီး ထိုင်နေရာက ဟျောင်းနားဆီ သွားရင်း။
"အဆင်ပြေပါတယ်ဟျောင်းရဲ့။ သိတဲ့အတိုင်း ကျွန်တော်က စာဆိုရင်တော့ ပထမပဲမလား"
ဝံ့ကြွားတဲ့ သူ့လေသံနဲ့ ကြောင့် ဟျောင်းရယ်သံက ခပ်အုပ်အုပ်လေး ထွက်လာတယ်။
"ယုံပါတယ်။ ဪ ဒါနဲ့ မိတ်ဆက်ပေးရဦးမယ်။ သူက ရစ်ခီတဲ့။ ဟျောင်းတို့ တရုတ်ကပဲ။ သိပ်မကြာခင် ထယ်ရယ်တို့ကျောင်းကို ပြောင်းလာမှာဆိုတော့ ထယ်ရယ်ကပဲ ကူညီပေးပါဦး ဂျူနီယာလေးကို။ ရစ်ခီ ဒါ ထယ်ရယ်တဲ့"
ဟျောင်းဘေးက ကောင်လေးဆီ တစ်ချက် ကြည့်ပြီး အလှပဆုံး ပြုံးကာ လက်ကို ရှေ့ထုတ်ပေးတော့။
"အာ ဟုတ်လား။ တွေ့ရတာ ဝမ်းသာတယ်နော် ရစ်ခီ။ ငါ့နာမည်က ..."
"တွက်ထားတာက မှားနေတယ်။ အဲ့ပုံသေနည်းကို သုံးရမှာမှ မဟုတ်တာ"

YOU ARE READING
𝙀𝙞𝙩𝙝𝙚𝙧-𝙊𝙍
Fanfic"I can only hear your nagging, let's stop" // Ricky and Taerae • Written in burmese • Fanfiction