+ 𝟭𝟬𝟬

516 53 16
                                    

ထပ်တူကျသွားတဲ့ နှလုံးသားတစ်စုံနဲ့ ရင်ခုန်သံတွေအကြောင်းကို ဘယ်သူ့ဆီ ပြောပြရပါ့ ...

-----------X-----------

"အဲ့လိုနဲ့ ငါအလုပ်ပြုတ်ရင် ဘယ်လိုလုပ်မလဲ"

"ကိုယ့်ရဲ့ ရှန်ဂရုတစ်ခုလုံးက ထယ်ရယ် လက်ညှိုးညွှန်ရာ ရေဖြစ်-"

ရစ်ခီ့စကား ပြောမပြီးခင်မှာပင် အရှေ့က တစ်စုံတစ်ရှန်ကို ခါးထောက်ကာ ထယ်ရယ် မျက်စောင်းတစ်ချက် ထိုးလိုက်တော့မှ။

"ဟုတ်တယ် ကိုယ်မှားပါတယ်လို့။ ခွင့်လွှတ်ပေးပါနော် ထယ်ရယ်"

"နော်လို့"

မျက်နှာငယ်လေးနဲ့ ပြောလာတဲ့ ရစ်ခီ့ကို မနိုင်တဲ့ဟန်နဲ့ ပြန်ကြည့်ရင်း အတွေးတွေက ခုနက အဖြစ်အပျက်တွေဆီကို တရိပ်ရိပ်။

-----------X-----------

// Flashback to a few hours ago

သက်ပြင်းရှည်တစ်ချက်ကို အပြင်ဖက်ဆီ မှုတ်ထုတ်လိုက်ပြီး မြင်နေရတဲ့ အခန်းတံခါးကို ဖြည်းဖြည်းချင်း ဖွင့်ကာ ထယ်ရယ် တိုးဝင်ခဲ့လိုက်တယ်။

"အဖွဲ့မှူး ကျွန်တော် ဝင်လာခဲ့မယ်နော်"

"ဪ ထယ်ရယ်ပဲ။ မဟုတ်တောင် ပြောစရာ ရှိနေတာ"

"ဒိုမင်ဟာ့အမှုလေ သူတို့ဖက်က အမှုစစ်က အယူခံဝင်ထားတယ်ဆိုလို့ ခုနကတောင် ဥက္ကဌကြီးက ဖုန်းဆက်နေသေးတယ်"

သူထင်တဲ့အတိုင်းပါပဲ။ ခန့်မှန်းထားပြီးသား နောက်ထပ်စကားတွေကို မသိချင်ယောင်ဆောင်ကာ။

"ဟုတ်ကဲ့။ အဲ့ဒီတော့"

"အဲ့တော့ ထယ်ရယ်ကပဲ အယူခံဝင်မယ့် တရားခွင်အတွက် ဆက်ကူညီပေးလိုက်ပါဦး။ တစ်ဖက် အမှုစစ်ကတော့ အရင်တစ်ခေါက်ကလည်း တွေ့ပြီး အချင်းချင်းလည်း သိပြီးနေတဲ့ ရစ်ခီရှန်ဆိုတော့ အများကြီး မပြောတော့ပါဘူး"

အဖွဲ့မှူးက အမှုဖိုင်လို့ ယူဆရတဲ့ ဖိုင်တစ်ခုနဲ့ စာအိတ်တစ်အိတ်ကို သူရပ်နေတဲ့အရှေ့က စားပွဲပေါ်ဆီ တင်ရင်း။

"ဒါက အယူခံဝင်တဲ့ဖိုင် ပြီးတော့ ထယ်ရယ်အတွက်တဲ့။ စပယ်ရှယ် ထည့်ပေးထားတာဆိုတော့ မငြင်းဖို့ မှာလိုက်သေးတယ်"

𝙀𝙞𝙩𝙝𝙚𝙧-𝙊𝙍Where stories live. Discover now