+ 𝟭𝟬𝟭

411 54 15
                                    

အရာအားလုံးထက်

အင်း ...

အရာအားလုံးထက် မင်းကို ကာကွယ်ပေးချင်ခဲ့တာ ...

-----------X-----------

ဟိုတယ် ပြတင်းပေါက်ဆီကနေ မျက်လုံးပေါ် တည့်တည့်ကို ထိုးကျလာတဲ့ နေရောင်ခြည် စူးရှရှကြောင့် မှိတ်ချနေတဲ့ ရစ်ခီ့မျက်လုံးအစုံကို လက်တစ်ဖက်နဲ့ အခါခါ ပွတ်သတ်ရင်း နိုးထလိုက်ရတော့တယ်။

လှဲရက်အနေအထားနဲ့ပဲ နာရီကို လှမ်းကြည့်လိုက်တော့ လက်တံတွေက ၉ ဂဏန်းကျော်ကျော်ဆီမှာ။

အကြောဆန့်ရင်း ကိုယ်ပေါ်ကို လွှမ်းခြုံပေးထားတဲ့ စောင်အကွက်လေးကို ကြည့်မိတော့ ပြုံးတုံးတုံး။ ထိုမှ တဆင့် နှုတ်ခမ်းပါးကို လက်နဲ့ ထိမိတဲ့အခါ မနေ့ညရဲ့ လတ်လတ်ဆတ်ဆတ် အတွေးတို့က မနက်ခင်းကြီး နေရာယူလို့။

'အကြွေး။ ပြန်ပေးစရာ အကြွေး ရှိသေးတာ သိတယ်မလား။ ပြီးတော့ ခရစ်စမတ်လက်ဆောင်ရော'

ဆောင်းတွင်းကြီးထဲ လက်ဆောင်ရလိုက်တဲ့ အနမ်းနွေးနွေးတစ်ခုကြောင့် ရစ်ခီ ခပ်လွှလွှပြုံးကာ လှဲအိပ်နေတဲ့ ဆိုဖာပေါ်က ထတယ်။

ပြီးတာနဲ့ မလှမ်းမကမ်းက အခန်းတံခါးကို အသံမထွက်အောင် ဖွင့်ကြည့်လိုက်တော့ ကင်ထယ်ရယ်တို့က မွေ့ယာပေါ်မှာ ကွေးကွေးလေး အိပ်နေတုန်း။

အိပ်မောကျနေသေးပုံ ရတာမို့ တံခါးကို အသာအယာပြန်ပိတ်ကာ ကိုယ်လက်ဆေးကြောဖို့ တစ်ဖက်အခန်းဆီ ရစ်ခီ ကူးသွားလိုက်တယ်။

တကယ်တော့ ကင်မ်ထယ်ရယ်ကို စိတ်မချလို့သာ သူ့အခန်းထဲ လာအိပ်တာ တစ်ညလုံး ဆိုဖာပေါ်မှာ‌ဆိုတော့ တစ်ကိုယ်လုံး ညောင်းကိုက်နေပြီ။

အချိန်အတန်ကြာ ရေချိုး သန့်စင်ပြီး‌နောက် ပါလာတဲ့ အဝတ်အစားထဲက သင့်တော်မယ့် ရှပ်တစ်ထည်ကိုပဲ ကောက်စွပ်လိုက်တယ်။

ကိစ္စအားလုံး ပြီးသွားတာနဲ့ တစ်ဖက်အခန်းဆီ ပြန်လာတဲ့အထိ ငြိမ်သက်နေဆဲမို့ ကြည့်ရတာ ကင်မ်ထယ်ရယ်တို့ မနိုးသေးပြန်ဘူး ထင်တယ်။

အခန်းတံခါးကို ဖွဖွခေါက်ကာ။

"Rae. Rae ထတော့။ မနက်စာ အတူ သွားစားမယ်လေ"

𝙀𝙞𝙩𝙝𝙚𝙧-𝙊𝙍Where stories live. Discover now