~3~

1.1K 26 0
                                    

"အဟက် မင်းနေခိုင်းတိုင်းနေရအောင် မင်းနဲ့သူက လင်မယားတွေ့မို့လား ဟမ်!" ဇာဏ်းအပြောကြောင့် ဂုဏ်အတော်လေးစိတ်တိုလိုရသည်။ ဒေါသတစ်ကြီးနဲ့ လက်ကိုကျစ်ကျစ်ဆုတ်ကာ ရှေ့က ဇာဏ်းကို အရှိန်နဲ့ပြေးထိုးလိုက်သည်။

ခွက်...

ဇာဏ်းကြမ်းပြင်သို့လဲကျသွားသောလဲ ဆက်ကတည်းပြန်ထလိုက်သည်။ ထိုးခံရသည့် နေရာကသွေးထွက်လာတော့ ဇာဏ်း သူ၏လက်ဖြင့် သုတ်လိုက်သည်။

"ဂုဏ်.. စိတ်ထိန်းလေကွာ "ကြားထဲက တေဇာက အလျင်အမြန်ဂုဏ်အား ဆွဲကာ ပြောလာသည်။ မြလေးတို့လဲ အနည်းငယ်လန့်ကုန်ကြသည်။ ပိုင်ပြည့်ဝက ဇာဏ်းနဲ့ဂုဏ် အားနားမလည်နိုင်အကြည့်ဖြင့်သာစိုက်ကြည့်နေမိသည်။

*သူတို့နှစ်ယောက်က ငါ့အတွက်နဲ့ရန်ဖြစ်နေကြတာလား * စိတ်ထဲ၌ ပိုင်ပြည့်ဝ ရေရွတ်နေလိုက်သည်။

"လိ့စကားမပြောနဲ့ခွေးတတောင်းစား မင်းစောက်ဆင့်မင်းသိ ၊အသက်ကြီးတာငယ် ငါစောက်ဂရုစိုက်မနေဘူး ရှင်းတယ်နော်" တေဇာဆွဲနေရာမှ ဂုဏ် လေသံခက်မာမာနဲ့ဒေါသတစ်ကြီးအော်ပြောလိုက်သည်။

"ဟျောင့် ငါ့စောင့်ဆင့်ကိုပြောရအောင် ငါဘယ်သူလဲဆိုတာ မင်းစောက်ကြောင်းလား ဟမ် ငါကရော မင်းစောက်ကြောင်းစိတ်ဝင်စားလို့ ဒီလာနေတယ်ထင်နေတာလား အဟက် ငါ ပိုင်ပြည့်ဝဆီလာတာ မင်းကဘာတွေထဖြစ်နေတာ " ထိုအခါမှ ပိုင်ပြည့်ဝတစ်ယောက် ဂုဏ်ရဲ့ ဒေါသတစ်ကြီးဖြစ်နေသည်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ ပြီးမှ လွယ်အိတ်ထဲက လက်ကိုင်ပါဝါအဖြူစလေးကိုထုတ်ကာ ဇာဏ်းဆီသို့ ဦးတည်လျှောက်လာသည်။

ဇာဏ်းအား ပိုင်ပြည့်ဝ မော့ကြည့်ကာ
"ဟို ခများဘယ်သူလဲတော့မသိပေမဲ့ ကျွန်တော့်သူငယ်ချင်း ဂုဏ်က စိတ်ဆက်တတ်လို့ပါ သူ့အစားတောင်းပန်ပါတယ်ဗျ ‌ရော့" လက်ထဲက လက်ကိုင်ပါဝါလေးအား ဇာဏ်းအားပေးလိုက်သည်။
ဇာဏ်းက မေးတစ်ချက်ဆက်ပြလျက် ထူးဆန်းစွာ ပိုင်ပြည့်ဝကိုကြည့်လိုက်သည်။

"သွေး သွေးထွက်နေလို့ဗျ" ဇာဏ်းရဲ့ထိုးခံလိုက်ရတဲ့ နေရာသို့ လက်ညိုးထိုးပြကာပြောလာသည့် ပိုင်ပြည့်ဝကို ဇာဏ်းကြည့်၍ ပြုံးမိသည်။

Direct to the love (Complete)Where stories live. Discover now