နေလုံးက ကမ်းခြေသဲသောင်ပြင်ထက် ပူပြင်းနေသည်။ မနက် ၉နာရီလောက်ရှိမည်။ရေလှိုင်းများက တစ်ခုပြီးတစ်ခု အစဉ်ပျက်သည်ကိုမရှိပါ။
ရေလှိုင်းခက်သံများကလည်း ကျယ်ကျယ်လောင်လောင်နဲ့ လေပြေများကတိုးဝှေ့တိုက်ခက်နေသည်။
အပြာရောင် ဘောင်းဘီအတိုလေးနဲ့ အကျီအမဲခက်ပွပွက သူ့ဘောင်းဘီတိုတောင် ပျောက်လုနီးပါးရှည်သည်။
သေးသွယ်ပြီးဖြူဖွေးနေသော ခြေတံလေးက ယောင်္ကျားလေးတစ်ယောက်မှာရှိတယ်ဆိုတာ ဒါအံဩစရာပါပဲ။"ပိုင်ပိုင်"
ကမ်းစပ်နား လမ်းလျှောက်နေတဲ့ပိုင်ပြည့်ဝဆီ ရောက်လာသူက ဇာဏ်း။ မနေ့က အလာတုန်းကအဝတ်အစားပုံစံနဲ့ပင်။"ဗျာ အစ်ကိုဇာဏ်း.." ပင်လယ်ဆီသို့သာအကြည့်ထားရင်း ပြန်ဖြေလာသည်။
"ကိုယ့်မေးခွန်းကို မနေ့ကမင်းမဖြေလိုက်ဘူးနော်.."
လေသံခက်မာမာနဲ့ ပြောလာသည့် ဇာဏ်းအားပိုင်ပြည့်ဝခက်လန့်လန့်။ ပြန်လဲမဖြေ ခြေလှမ်းများက တစ်ဖြည်းဖြည်းပိုသွက်လာသည်ကို ဇာဏ်းခံစာမိတော့ အလျှင်အမြန် ပိုင်ပြည့်ဝလက်ကိုဆွဲလိုက်သည်။
ပိုင်ပြည့်ဝနဲ့ ဇာဏ်း မျက်နှာချင်းဆိုင်ယှဉ်ရပ်နေသော်လဲ
ပိုင်ပြည့်ဝအရပ်ကြောင့် တစ်ယောက်မျက်နှာတစ်ယောက်မမြင်ရကြ။ ဇာဏ်းကခေါင်းငုံကြည့်ရသလို ပိုင်ပြည့်ဝလေးက ခေါင်းမော့ကြည့်ရသည်။"ကိုယ့်ကို ကြောက်လို့လား...!"
"......"
"ဖြေလေ ပါးစပ်ပါတယ်မလား..."
"ဟို..."
"ကြောက်လား မကြောက်ဘူးလား ဒါပဲဖြေ.."
"ဟို ကြောက် ကြောက်ပါတယ်"
ပိုင်ပြည့်ဝက အသံကတုန်ကရင်နဲ့ပြောလာလိုက်မှ ဇာဏ်းက ပိုင်ပြည့်ဝလက်ကိုအသာလေးလွှတ်ပေးလိုက်သည်။ ပြီးတော့ဇာဏ်းပြုံးသည်။ ပိုင်ပြည့်ဝဆံပင်လေးကို အသာလေးဖွရင်း ပါးလေးကိုပါဖျစ်ညစ်လိုက်သည်။"မကြောက်နဲ့တော့နော် ကိုယ်ကမင်းကြောက်အောင်ဘာမှမလုပ်တော့မှာမို့ နောက်တစ်ခါ ကိုယ့်ကိုတွေ့ရင် ခနခနထွက်မပြေးပါနဲ့ "
ထိုကဲ့သို့ပြောလာသော ဇာဏ်း၏စကားများကြောင့် ပိုင်ပြည့်ဝအနည်းငယ်စိတ်သက်သာရစေသည်။ ခေါင်းကိုခက်မြန်မြန်လေးငြိမ့်ပြလိုက်သည်။ပြီးလျှင် သူ့ပါးချိုင့်လေးပေါ်သည်ထိ ပြုံးလိုက်သည်။
ESTÁS LEYENDO
Direct to the love (Complete)
RomanceGonshein Aarnar _ Paing Pyae Wa third fiction ✨ Crd pic🙏