~2~

2.1K 50 0
                                        

ယနေတော့ ဒဂုံတဣသိုလ်အတွင်း ကျောင်းသား/သူများကအပြည့် ကျောင်းအတွင်း နေရာအနှံမှာ အဖွဲ့ကိုယ်စီ နဲ့ပင်
စုစုစည်းစည်းရှိကြပါသည်။ ထိုသည်အပြင် ဇာဏ်းနဲ့အတူ သူ၏ အတန်းထဲကမေဂျာတူလူငယ်များက ဂျူနီယာများဖြစ်တဲ့ ဂုဏ်တို့ ဒီညနေ ပုသိမ်ကပြန်လာမည်ဖြစ်၍ စီနီယာများအနေနဲ့ သွား၍ ကြို‌ဆိုပေးရသည်။
ထိုသို့ ကြိုဆိုပေးရသည်အား ဇာဏ်း သဘောမကျချေ။

'တော်စ် အချိန်ပြည့် စီနီယာဆိုတာ ခေါင်းစဉ်ခံပြီး ခိုင်းစားနေတာ ' ‌ဒေါသကလဲကြီးးတော့ ဘေးကလူတွေက ဇာဏ်းအသံကြားရတာနဲ့ ခေါင်းမထောင်ရဲလောက်အောင်ကြောက်ရသည်။ အရပ်ကခက်ရှည်ရှည်နဲ့ ခန့်မှန်းချေ 6‌ေပလောက်ရှိမည်။ လူကလဲ ခက်ထွားထွားလောက်ရှိတော့ အားလုံးကတော့ကြောက်ရသည်ကအမှန်။

'ဟိုမှာ လာ လာပြီ ဇာဏ်း ' ဘေးက ကောင်လေးတစ်ယောက်၏အသံကြောင့် ဇာဏ်းနဲ့အတူ အခြားသူများကလဲ ‌ေကျာင်းအပေါက်ဝက ဝင်လာသော ခရီးသွားကားကို လှမ်းမြင်နေရသည်။ ဖြည်းဖြည်းချင်း တစ်ရွေ့ရွေ့နဲ့ ဝင်လာသောကားကို ဇာဏ်းတို့ ‌စောင့်နေရပြန်ပါသည်။ ဇာဏ်းသက်ပြင်းရှည်ချက်က အကြည့်လွှဲလိုက်သည်။

ကားက သူတို့အရှေ့ရောက်လာတော့... ကားပေါ်က ပထမဆုံးဆင်းလာသူဟာ ပိုင်ပြည့်ဝ ကြည်လင်သည့် မျက်နှာ ဖြူလှလွန်းသည့်အသားအရည်၊ တပ်ထားတဲ့ မျက်မှန်လေးနဲ့ အပြာနုရောင် အကျီ လက်ရှည်လေးနဲ့ ဂျင်းဘောင်းဘီလေးကိုဝတ်ဆင်ထားသည်။ ချောမောလှသည်ထက် ချစ်ဖို့ကောင်းသည်ကပိုမှန်လိမ့်မည်။ ကားပေါ်မှ အထုပ်နှစ်ထုပ်နဲ့ ဆင်းလာပြီး ကားအောက်ရောက်တော့ ကြမ်းပြင်ပေါ်သို့အထုပ်အရင်ချလိုက်ကာ မြမြကြည်နဲ့ ဂုဏ် တို့အား ကားပေါ်မှ အဆင်းကိုရပ်စောင့်နေသည်။

'ပိုင် ပေးအထုတ်' မြက ပိုင်အစောက ကြမ်းပြင်၌ချလိုက်တော့ အထုပ်ထဲကတစ်ထုပ်ကို ယူလိုက်ကာ အတန်းဘက်သို့ထွက်သွားသည်။ ထွက်သွားသော မြကျောပြင်ကိုကြည့်၍

'မြ ဟိုကောင် ဂုဏ်ရှိန်မဆင်းသေး......' ပိုင်ပြည့်ဝ စကားပင်မဆုံးသေး

'ဒါမင်း အထုပ်လား...?' ရုတ်တရပ်မေးလာသည့် ဇာဏ်းအား ပိုင်ပြည့်ဝ အူကြောင်ကြောင်နဲ့သာ ကြောင်ကြည့်နေမိသည်။

Direct to the love (Complete)Tahanan ng mga kuwento. Tumuklas ngayon