~18~

494 9 0
                                    

အဲ့နေ့မှာ မင်းတို့မိသားစုသာအိမ်ကိုပြောင်းမလာခဲ့ဘူးဆိုရင်
ငါလဲမင်းကိုအခုလိုမုန်းမိမှာမဟုတ်ပါဘူး ဇာဏ်းဝဏ။

နားထဲ ထိုစကားသံကအထပ်ထပ်အခါခါ ကြား‌ယောင်မိသည်။ ထို စကားသံတွေရဲ့အဖြေကို ဇာဏ်းလုံးဝနားမလည်ပါ။ သို့ပေမဲ့ကားထဲသာ ဝင်လာလိုက်ပါသည်။
သိသိသာသာကြီး ဂုဏ်ရှိန် ‌ကားမောင်းသည့် Nickel ဘေးခုံမှာသွားထိုင်လိုက်ပါသည်။

ဖုန်းကိုကိုင်ကာ အဆက်မပြတ် ပိုင်ပိုင်ကိုဖုန်းခေါ်နေဆဲပင်။

📱ဘာတုန်း ... ငါစာလုပ်နေတယ် အေးဆေးနေလို့မရဘူးလား

" ကျစ် ပိုင်ပိုင် ငါအကုန်ရှင်းပြမယ် ငါ...ဘာမှမသိတာ ငါ့ဖုန်းကပျက်နေတာ ငါ့ဖုန်းကအခုမှပြန်‌ကောင်းလာတာ

📱ရှင်းပြချင်သေးရင် နောက်မှရှင်းပြလို့ရမလား ငါ zoom class တက်နေတာမို့လို့ ပြီးတော့ ငါမင်းနဲ့ဖုန်းနဲ့မပြောချင်ဘူး လူချင်းတွေ့ချင်တယ် ဒါပဲ

"ပိုင်ပြည့်ဝ  ပိုင်ပြည့်ဝ.."zoom class ထဲက ဆရာခေါ်သံကြောင့် ပိုင်ပြည့်ဝကအလန့်တစ်ကြားဖြင့် ဖုန်းချက်ချင်းချလိုက်သည်။

"အား ဟုတ်ကဲ့ ဆရာ ဆောရီးအမေလေ အမေခေါ်လို့ ဟဲဟဲ"
ပိုင်ပြည့်ဝzoom ကင်မရာကိုချက်ချင်းပြန်ဖွင့်လိုက်ပါသည်။

အချိန်က ညနေ ၃နာရီဖြစ်သည်။
ပိုင်ပြည့်ဝအခန်းတွင်းသာအောင်းနေပါသည်။
အမေဖြစ်သူကတော့ အခန်းထဲ
စားစရာပေါင်းစုံလာချပေးလေ
သူကအပြင်ကိုပိုမထွက်ချင်လေ။
အပြင်မှာလဲအရမ်းပူသည်။
ထိုကြောင့် သူအဲကွန်းကို ပိုမြင့်လိုက်ပြီး ကုတင်ပေါ်တွင်ထိုင်ကာ စာရေးနေလေသည်။ညဝတ်အကျီကတော့ ခုထိကိုမလဲရသေးပါ။ အသားရောင် ညဝတ်အကျီလက်ရှည် နဲ့ ဘောင်းဘီရှည်က လူနဲ့မလိုက်အောင် ပွလွန်းနေပါသေးသည်။

ဒေါက်... ဒေါက်....

"ဟာ မေမေရေ သားအခန်းလဲ မုန့်ကမ္ဘာကြီးဖြစ်တော့မယ်
တော်ပြီ မစားတော့ဘူးမေမေ"

ကျွီ......

"မေမေကလဲ တော်ပါပြီ..."ပိုင်ပြည့်ဝ ၅စက္ကန့်လောက်ပင်ရပ်တန့်။

Direct to the love (Complete)Tahanan ng mga kuwento. Tumuklas ngayon