သူ့ရင်ထဲမှာ နေ့တိုင်းတိုက်နေတဲ့ တိုက်ပွဲကို ဘယ်သူမှ မသိကြဘူး၊
ဒါပေမယ့် ဘယ်လောက်ပဲ မှောင်နေပါစေ သူ အပြုံးမပျက်ဘဲ လိုအပ်နေတဲ့ သူတိုင်းအတွက် အလင်းရောင်ကို ထွန်းလင်းပေးခဲ့တယ်။
အလိုအပ်ဆုံးသူဆိုတာ သူမသိတော့ပေမဲ့....!ကုတင်ပေါ် မျက်နှာပေးက အချေသားနဲ့ ပြူးသလည်လည်ဖြစ်နေသူကို ဂျေးနဲ့ ဂုဏ်တို့က ခပ်တည်တည်နဲ့သူ့ကို သေချာကြည့်နေကြသည်။ ဇာဏ်းက အနားက
ပိုင်ပိုင် ရေဘူးကမ်းလာသည်ကြောင့် ထိုရေဘူးကို လှမ်းယူလိုက်တာ မော့ချလိုက်သည်။ ပြီးမှ ဇာဏ်းက ဂျေးကို ကြည့်၍"အ့ ခများတို့က ဘယ်သူလဲ ကျွန်တော်သိတာ ကျွန်တော် သေသွားတာမဟုတ်ဘူးလား ကျွန်တော်ကရော ဘယ်သူလဲ ခများတို့ကရော ဘာတွေလဲ အ့ မူးတယ် "တဲ့လေ။
ထိုအမေးကိုကြောင့် ဂုဏ်ရှိန်ရော ပိုင်ပိုင်ရော အနည်း
ငယ်ဆွံအမိသွားသည်။ ဇာဏ်းထိတာ သူ့ရင်ဘက် ဘာအကြောင်းကြောင့် သူတို့ကို မမှတ်မိရတာလဲ။ နည်းနည်းတော့ ထူးဆန်းနေသည်။ ထိုကြောင့်
ပိုင်ပိုင်ကပါ ဂျေးဆီသို့ အကြည့်ရောက်သွားပြီးဂျေးဘာပြောမလဲဆိုသည်ကို စိတ်ဝင်တစားနဲ့ သေချာ ကြည့်နေသည်။ ထိုအခါ ဂျေးက ပိုင်ပိုင်ရဲ့ဘေးနားက လွတ်နေသော ခုံ၌ ဝင်ထိုင်လိုက်ပြီး ထိုသို့ဆိုသည်။"အင်း သေသွားပြီ ဇာဏ်းဝဏဆိုတဲ့ ဦးဝဏရဲ့ သားကသေသွားပြီ မင်းက သန့်ဇင်"
" ဘယ်သူလဲ ဘယ်က ဇာဏ်းဝဏလဲ ဘယ်က ဦးဝဏလဲ ကျစ် မူးလိုက်တာ " ဇာဏ်းက သူ့လက်ဖြင့် ခေါင်းကို ဖိနှိပ်ရင်းပြောသည်။ ဂုဏ်ရှိန်က အထူးအဆန်းဖြင့် ဂျေးအား အခန်းပြင်သို့အလျှင်အမြန်ခေါ်ထုတ်လာသည်။
"ဦးဂျေး ဟိုကောင်ကိုဘာလုပ်လိုက်တာလဲ "
"သူမှတ်ဉာဏ်ကိုဖျောက်လိုက်တာလေ သူ့ဘဝရဲ့အတိတ်ဆိုးကြီးကို မေ့စေချင်လို့ စိတ်ချပါ သူ့ကိုငါတာဝန်ယူမှာမို့ "
YOU ARE READING
Direct to the love (Complete)
RomanceGonshein Aarnar _ Paing Pyae Wa third fiction ✨ Crd pic🙏