"ဘယ်လို ကိုဝဏ ဒါ ရှင့်သားနော် ရှင် အဲ့ဓားကိုပြန်ချထားစမ်းပါ " ဒေါ်လှသောင်းစကားကို ဦးဝဏက အာရုံသိပ်မရလေ.. သူခေါင်းထဲ သူ့စည်းစိန်ဥစ္စာတွေကိုပြန်ရဖို့သာ အတွေးရှိသည်။ဓားကိုသာ ကျစ်ကျစ်ပါအောင်ကိုင်ထားပြီး ဇာဏ်းဆီသို့လျှောက်သွားသည်။
"ကျွန်မပြောကြားလား ကို၀ဏ "
ဒေါ်လှသောင်းက ယောင်္ကျားဖြစ်သူကို ဆွဲလားရမ်းလားနဲ့ ဆွဲကာ အော််ပြောသော်လဲ ယောင်္ကျားဖြစ်သူက လေဘစိတ်ကြောင့် လူစိတ်မပေါက်။ ဒေါ်လှသောင်းပြောလဲ လေကုန်တာပဲအဖက်တင်မည်။ လာဆွဲသည့် ဒေါ်လှသောင်းကိုတောင် ပြန်တွန်းထုတ်လိုက်သည်လေ။ ထိုအခြေအနေကို ဂျေးကသေချာကြည့်နေသည်။ ဦးဝဏက သားဖြစ်သူရဲ့အနားသို့ တုံ့ဆိုင်းမနေဘဲ ဇာဏ်း၏ရင်ဝသို့ ထိုးစိုက်လိုက်သည်။ နောက်ဆုံးထိ ဇာဏ်းက အိပ်ပျော်နေသည့်ဟန်လေးပင်။ဇာဏ်းဆီက သွေးများက ဦးဝဏ၏ မျက်နှာနဲ့ ကိုယ်ပေါ်၌ စွန်းထင်းကုန်သည်။
ဒေါ်လှသောင်းတစ်ယောက် ရင်ကျိုးမတက် ဇာဏ်း ဆီသို့အမြန်ပြေးကာ သားဖြစ်သူကိုရင်ခွင်ထဲသို့ ထည့်၍
ငိုယိုနေသည်။
"သား ဇာဏ်း သား ထပါအုံး သား ကိုဝဏ ရှင်လူမှဟုတ်ရဲ့လား သားကိုရှင် ရှင် ရက်စက်လိုက်တာ သား
ဇာဏ်း ထပါအုံးအမေ့ကိုကြည့်ပါအုံး ဆရာဝန်ခေါ်ပေးကြပါ ဆရာဝန်..ခေါ်ပေးပါ "သွေးရူးသွေးတမ်းနဲ့ အော်ဟစ်သောင်းကျန်းနေသည့် ဒေါ်လှသောင်းကိုကြည့်ကာ ဦးဝဏက မျက်ရည်ကဝဲတက်လာသည်။ ဦးဝဏက သူ့လက်ထက်က ဇာဏ်းသွေးများစွန်းနေသည့် ဓားကို ကြမ်းပြင်ပေါ်ပစ်ချလိုက်ပြီး နီရဲတောက်နေသည့်သွေးများနဲ့ အိပ်စက်အနားယူသွားသည့် သားဖြစ်သူဆီကို အပြေးလာကာ ငိုကြွေးသည်။"မဟုတ်ဘူး သား ဇာဏ်း ထ ထ ထပါအုံး အဖေမှားသွားတာပါ အဖေစိတ်လွတ်သွားတာ သားဇာဏ်း သား"
ဂျေးက ထိုအဖြစ်အပျက်ကိုကြည့်ကာ ဦးဝဏကိုမယုံနိုင်။သားအရင်းကိုတောင် သူကပြန်သတ်လိုက်တယ်ဆိုတော့ ကိုယ့်သမိုင်းကိုမှားရေးနေတာပဲ..!
"မင်းကြောင့်နဲ့ ငါ့သားကသေရတာ "
ဦးဝဏက ဂျေးကိုကြည့်ကာ လေသံခက်တင်းတင်းနဲ့
အကြောကတင်းချင်သည်။
ESTÁS LEYENDO
Direct to the love (Complete)
RomanceGonshein Aarnar _ Paing Pyae Wa third fiction ✨ Crd pic🙏