"ဘယ်လို ...ဦးဂျေးက ပြန်ခေါ်နေတာ ဟုတ်လား အရေးမပါတာ Nickel ရာ တောစ်..."ရန်ကုန်မြို့ထဲက Time travelers hotel ရဲ့ ၇ထပ်လွှာက အခန်းလွတ်ထဲကထွက်လာသောအသံဖြစ်သည်။
"မင်းကရော သူဌေးပြောသလို လိမ္မာနေလို့လား ပေါတောတောနဲ့" Nickel အပြောမှာ ဂုဏ်သဘောမတွေ့စွာ သက်ပြင်းရှည်ချရင်း
" တောစ်... သောက်အဆင်ကိုပြေမနေဘူး အရာအားလုံးလိ့ပဲ ဖြစ်ချင်တိုင်းဖြစ်နေတာ " သူငယ်ချင်းဖြစ်သူဂုဏ်ရှိန် စိတ်ဒေါသထွက်နေတာကြည့်တော့ Nickel အနည်းငယ်တွေဝေလျက်ပင်။
အရင်က ဂုဏ်ရှိန်အာဏာဆိုတဲ့ ကောင်ကအခုလိုတစ်ခါမှမဖြစ်ဖူးပါ။ ကနေဒါပြန်သွားရမယ်ဆို အခုလို အချိန်ကြာကြီးတောင်ပြောစရာမလို။ ဖုန်းထိုးလိုက်ရုံနဲ့ ကနေဒါကို မနက်ဖြန်ပင်ရောက်နေတဲ့သူက အခုကျတော့လဲ စိတ်ကတစ်မျိုးပါလား ဟူ၍သာ Nickel တွေးနေမိသည်။"ပြောလိုက် ငါကတော့ပြန်မလိုက်နိုင်ဘူးလို့ ဒီမှာ လုပ်စရာကိစ္စကိုအပြတ်ရှင်းစရာရှိသေးလို့သာပြောလိုက်ကွာ အဲ့တာမှမကျေနပ်လဲ ကိုင်တိုင်သာ မြန်မာပြည်ကိုလာလိုက်တော့လို့ ပြောလိုက် " ဂုဏ် စိတ်မရှည်လျက် ပြောပြီးကာမှ ရေချိုးခန်းထဲသို့ဝင်သွားသည်။
📱ဘယ်လို ဂုဏ်ရှိန်ကအဲ့လိုပဲပြောတာလား ဟုတ်လား
📱ဟုတ် ဟုတ် ပါတယ်
📱တောက်စ် ဒီကောင်ကတော့ အတော်ဆိုးနေတာပဲ အေးအေး ဒါပဲ...!
ဦးဂျေး ဖုန်းချပြီးတော့မှ Nickel သက်ပြင်းချလိုက်သည်။ ဂုဏ်ရှိန်အခန်းထဲကထွက်လာကာ ဘေးအခန်းသို့သာ ဝင်၍ ကုတင်ပေါ်ပစ်လှဲချလိုက်သည်။
~~~ Chemistry major ရဲ့ A 30အခန်းထဲက ဆူညံမြှများစွာထွက်ပေါ်နေသည်။ ထိုအသံက တခြားမဟုတ်။
"ဟျောင့် တေဇာ လာစမ်း ဟျောင့် ငါ့အာလူးကြော်ထုပ်ပြန်ပေး "
တင်မောင့်မြင်အသံက အခန်းတစ်ခုလုံးကဆူညံသည်ထက် ကျယ်လောင်လျက်ပင်။ ရှေ့က တေဇာကလည်း အာလူးကြော်ထုပ်ကိုပြန်မပေး။ ဖောက်တောင်စားနေသေးသည်။"မြလေး ဒါက နင့်ဖို့ငါဝယ် လာတာ ရော့" ပိုင်ပြည့်ဝ လက်ထဲက ရွှေရောင် ဆွဲကြိုးလေးကို မြလေးဆီကိုလှမ်းပေးလာသည်။
မြလေးက ပိုင်ပြည့်ဝဘေးက မျက်ထောက်နီနဲ့လက်ပိုက်ကြည့်နေတဲ့ဂဏ်ရှိန် မျက်နှာဘေးကိုတစ်ချက်ကြည့်၍ ဆွဲ့ကြိုးယူဖို့ကိုလက်တွန့်နေမိသည်။
ESTÁS LEYENDO
Direct to the love (Complete)
RomanceGonshein Aarnar _ Paing Pyae Wa third fiction ✨ Crd pic🙏