~12~ Zawgyi

195 2 0
                                    

ထိုနေ့လေးတွင် ကျွန်တော်နဲ့ပိုင်ပိုင်ဘုရားတူတူဖူးခဲ့ကြပြီး ကျွန်တော့်ရဲ့ရင်ထဲကရှိသမျှကိုပြောပြခဲ့သည်။ ရင်ထဲရှိသမျှပြောပြရရင်လဲ တစ်သက်ပြီးမထင်ပါ‌ဗျာ။
ဘုရားကအပြန်တွင် သူနဲ့ကျွန်တော် ဂျာမန်စာကြည့်တိုက်ကိုသွားခဲ့ကြပါသည်။ နှစ်ယောက်တူတူ ရှိခဲ့တဲ့အချိန်လေးက ကျွန်တော့အတွက်အဖိုးမဖြတ်နိုင်ခဲ့ပါဘူး။

အရင်က မျက်မှန်ဝိုင်းအောက်ကနေခိုးကြည့်နေရတဲ့ မျက်လုံးဝိုင်းဝိုင်းလေးကို နီးနီကပ်ကပ်ကြည့်လိုက်ခဲ့သည်။
ရင်ခုန်မူကမြန်ဆန်သတဲ့မြန်လွန်းခဲ့သည်။
ထိုနေ့က ကျွန်တော်သူ့ဓာတ်ပုံလေးတစ်ပုံတောင်မရလိုက်ပါဘူး။
သူကရှက်တတ်တယ်လေ။

"ဘာတွေပြုံးနေတာလဲဟျောင့် " တေဇာအမေးမှာ ဂုဏ်ချက်ချင်းမျက်နှာထားတည်လိုက်သည်။ ပြီးတော့ မျက်လွှာကိုပင့်တင်ရင်း
ခက်ချေချေဖြင့် "အဲ့တာငါ့ကိစ္စ " ဟူ၍သာ ပြောလာသောကြောင့်
တေဇာခေါင်းကုတ်ကာ ဂုဏ်အရှေ့ကလွတ်နေသောခုံ၌ ဝင်ထိုင်လိုက်ပါသည်။

"ဟဲ့ မြလေးနဲ့ခင်မာမျိုး ငါ့သဲ‌လေးတင်မောင်မြင့်နဲ့ ပိုင်ပိုင်ရော"
တေဇာအမေးအဆုံးမှာ ဂုဏ်ကကျောင်းခန်းပတ်ပတ်လည်ခေ့င်တစ်ပြန်လှည့်ကြည့်လိုက်ပါသည်။

                   ~~~~~~~~~~

ကျောင်းဝန်းရဲ့ ခရေပင်ကြီးအောက်နားမှာ ရစ်သီရစ်သီနဲ့ ခိုးကြောင်ခိုးဝှက်လုပ်နေသော ပိုင်ပိုင်နဲ့ ‌တင်မောင်မြင့်။
ပိုင်ပိုင် စာအုပ်သုံးအုပ်လောက်ကို လက်မှာပိုက်ထားသည်။
ထို့အတူ တင်မောင်မြင့်ရော လက်၌ စာအုပ်ကိုပိုက်ထားသည်။

"ပိုင်ပိုင် ဒါကအစ်ကိုဇာဏ်းထိုင်နေကျဆိုင်ဆိုတာသေချာရဲ့လားဟာ " တင်မောင်မြင့်စကားကြောင့် ပိုင်ပိုင် ကျောပေးထားသော တင်မောင်မြင့်ဘက်သို့လှည့်လာကာ

"သေချာတယ် I'm totally sure ဖရန့် အစ်ကိုဇာဏ်းက အဲ့ကော်ဖီဆိုင်ထိုင်နေကြလို့ သူတို့မေဂျာကလူတွေကပြောတယ်"
တင်မောင်မြင့်ခေါင်းကုတ်ဖင်ကုတ်နဲ့ပင်။

"ဒါဆိုလဲ အဲ့ဆိုမှာ ထိုင်စောင့်မယ်လေ ငါခု့လိုမက်တပ်ရပ်ရတာညောင်းနေပြီ နေကလဲပူတယ် သူချင်းရယ်."
တင်မောင်မြင်စိတ်ပျက်လက်ပျက်နဲ့ပြောလာတော့ ပိုင်ပိုင်က ကော်ဖီဆိုင်ဆီသို့ ပြေးသွားသည်။လွတ်နေတဲ့စားပွဲဝိုင်းကိုအလျှင်ရွှေးထိုင်သော်လဲ မုဆိုးမသွားရာမိုးလိုက်လို့ရွာအတိုင်း သူတို့ရွေးလိုက်တဲ့ဝိုင်းက နေထိုးနေတာနဲ့ကွက်တိကျလေရောပင်။
တင်မောင်မြင့်လွယ်အိတ်ကို စားပွဲခုံပြံခနတင်ထားလိုက်သည်။ လက်ကပိုက်ထားသောစာအုပ်ဖြင့် နဖူးကိုကာလိုက်သည်။

Direct to the love (Complete)Tempat cerita menjadi hidup. Temukan sekarang