ကောင်းကင်ယံထက်က ဖြာထွက်လာသော မီးခိုးငွေ့ကိုကြည့်ကာ ကောင်းကင်ဘုံကစောင့်ရှောက်ပါစေလို့တော့ ဆုတောင်းမိပါသည်။ အခြေအနေကအတော်ဆိုးဆိုးဝါးဝါးလို့ပဲဆိုရမလား။ ဒေါ်လှသောင်းတစ်ယောက် ယူကျိုးမရ ငိုကြွေးနေပုံ၊ ဦး၀ဏရဲ့ ခက်ထန်မာကျောသော အကြည့်၊ ထိုအသုဘက သိပ်ကိုရှုပ်ထွေးဖို့ကောင်းပါသည်။ သားဖြစ်သူသာသေသွားလဲ ဒီလူဟာ အမှတ်ရှိပုံမပေါ်။
ခင်မာမျိုးတို့အုပ်စုပ်နဲ့အတူ ရောက်လာသော
သုတနဲ့ဇူးဇူးက ထိုအဖြစ်အပျက်ကို လက်မခံနိုင်။
သုတက ဇူးဇူးရဲ့ပုခုံးကို ဖက်ထားကာ ကျောသို့ပုတ်ပေးသည်။"ဘယ်လိုဖြစ်တာလဲဟာ ငါတို့ကို တကယ်ထားခဲ့တာလား ဇာဏ်းရာ နင်တော်တော်ရက်စက်တာပဲ
တောက်စ်"အခေါင်းထဲက အိပ်ပျော်နေသည့်အတိုင်းလေးနဲ့ပင်
ဇာဏ်းက ယခုသူတို့ကို အထွန့်လဲမတက်နိုင်တော့ချေ။
ပန်းခက်များနဲ့ နီရဲသောပွင့်ဖက်များကြား၌ သူသည် တစ်သက်စာ ကောင်းမွန်စွာအိပ်စက်အနားယူနေလေ။"ပိုင်ပိုင် ဂုဏ်မပါဘူးလား"
ပုဆိုးနဲ့ ခန့်ခန့်ညားညား ဦီးဂျေးက ပိုင်ပိုင် ပုခုံးကိုလက်ဖြင့်ပုတ်ကာ မေးလာသည်။ ပိုင်ပိုင်က ပြူးသယောင်ယောင်နဲ့ ဂျေးကိုကြည့်၍ ခေါင်းခါပြသည်။"ကျစ် ဒီကောင်က လာခဲ့ပါသေချာမှာထားတာ "
"ဟို ဦး ဂုဏ်ကကားထဲမှာနေခဲ့တယ် သူဒီအထိတော့လိုက်မလာဘူး"
ပိုင်ပိုင်က ဂျေးကို အသံခပ်တိုးတိုးလေးနဲ့ပြောသည်။"အင်းကိုယ်သိပြီ မင်းတို့လဲ ခဏနေရင်ပြန်ကြတော့ "
ဂျေးက အမိန့်ပေးသည့်ဟန်ဖြစ်ပြောတော့ ပိုင်ပိုင်တို့ ခေါင်းညိမ့်ကာ အတည်ပြုသည်။ ထို့နောက် ဂျေးက
ပိုင်ပိုင့် ခေါင်းထက်က ဆံပင်လေးကို ဖွပြီး ဒေါ်လှသောင်းတို့ဘက်သို့ထွက်သွားသည်။သတင်းကြားပုံရဆို အစ်ကိုဇာဏ်းသေရတာ ဦးဂျေးနဲ့လဲ နည်းနည်းသက်ဆိုင်နေတယ်။ ဒီနေ့လည်း ဦးဂျေးက သိပ်ထူးဆန်းသည်။
"ပြန်ရအောင် ကိုသုတ ကျွန်တော်တို့ပြန်အုံးမယ်နော် "
တေဇာက သုတတို့က သေချာနှုတ်ဆက်ပြီး ဂုဏ်ရှိရာသို့သာ ပြန်လာခဲ့ကြသည်။
YOU ARE READING
Direct to the love (Complete)
RomanceGonshein Aarnar _ Paing Pyae Wa third fiction ✨ Crd pic🙏