~17~ Zawgyi

126 1 0
                                    

တဖက်က စာကြောင့် ဂျေးအနည်းငယ်စိတ်မကောင်းဖြစ်မိပါသည်။ သို့ပေမဲ့လဲ သဘောထားကြီးစွာနဲ့တစ်ချက်ပြုံးလိုက်ပြီး။ ဖုန်းအားအိတ်ကတ်ထဲသာပြန်ထည့်လိုက်ပါသည်။

ခနကြာတော့ ဂုဏ်နဲ့ ဇာဏ်းတို့ ကားထဲပြန်ဝင်လာပါသည်။
မျက်နှာတွေကြည့်ရသည်က အခြေအနေမမှန်...
ဂျေးထင်လိုက်သည်။

"Nickel မောင်းလို့ရပြီး ဟိုနှစ်ကောင်က ရန်ဖြစ်လာတာလား"ရှေ့ခုံက ထိုင်နေတဲ့ဇာဏ်းကတော့ ကြည်ကြည်တည်တည်နဲ့ ဂုဏ်အားတစ်ချက်လှမ်းကြည့်လိုက်သည်။ ဂုဏ်ကတော့ ကားပြတင်းပေါက်မှန်‌အပြင်ဘက်သို့သာစိတ်ရောက်နေသည်ကြောင့် ဂျေးအသံကိုမကြားပေ။

"ရန်မဖြစ်ပါဘူး " ဇာဏ်းက လေသံအနည်းငယ်မာမာဖြင့် ပြောလိုက်သည်။ ဂျေးက မျက်မှောင်အနည်းငယ်ကျုံ့၍ ဂုဏ်ကိုကြည့်လိုက်သည်။

"ဂုဏ်ရှိန်အာဏာ... ရော့..."
ဂုဏ်က ဂျေးအခေါ်ကြောင့် ဂျေးအားလှည့်ကြည့်လိုက်သည်။ တွေ့ရသည်ကား ဂျေးလက်တွင် ကိုင်ထားသော phone ကိုတွေ့လိုက်ပါသည်။ ဂုဏ်က ဖုန်းကိုချက်ချင်း ဆွဲယူလိုက်ပြီး..

"ငါ ဆိုင်မှာလူလွှတ်ပြီးသွားပြင်ခိုင်းလိုက်တာ အခုတော့အဆင်ပြေပြီထင်တာပဲ... ဒါနဲ့ မင်းသေချာလား အဲ့တာမင်းဖုန်းဆိုတာ..." ဂျေးမေးခွန်းကြောင့် ဇာဏ်းရော ဂုဏ်ရှိန်ပါအနည်းငယ်တွေဝေသွားသည်။

"ဘာလို့အဲ့လိုမေးရတာလဲ"

ဂျေးတစ်ချက်ပြုံးလိုက်ပြီး "အဟက်  ငါပိုင်ပြည့်ဝပုံတွေပဲတွေ့လို့ပါ..."

"ဦးလေးဖုန်းpwကိုဘယ်လိုသိတာလဲ ဖုန်းpwက ပိုင်ပြည့်ဝနာမည်ဆိုတာ.."ဂုဏ်က ဇာဏ်အား ၅စက္ကန့်လောက်လှမ်းကြည့်ပြီးမှ ပြောသည်။

"ငါ မင်းဦးလေးပါ မင်းတို့အရွယ်တွေငါကျော်ဖြတ်လာခဲ့တာ မင်းတို့လောက်ကတော့ ငါ့ကိုမယှဉ်နိုင်ပါဘူး..."

"နောက်ခါယူမကြည့်နဲ့ မကြိုက်ဘူး "ဖုန်းကိုလက်ထဲကျစ်ကျစ်ပါအောင်ကိုင်ကာ အရှေ့ပြန်လှည့်သွားသည်။

အိုး သေပြီ ပိုင်ပိုင် ဖုန်းခေါ်ထားတာ အခါ ၃၀လောက်ရှိတာ။
ငါတော့သေပြီ....

Direct to the love (Complete)Where stories live. Discover now