"ကိုကို...ကိုကိုရေ!!"
နားထဲသို့စူးခနဲဝင်ရောက်လာသော အသံဆာဆာလေးကြောင့် sofaပေါ်၌ Laptop တစ်လုံးပေါင်ပေါ်တင်ကာအလုပ်လုပ်နေရာမှ အသံလာရာဘက်သို့လှည့်ကြည့်လိုက်မိသည်...
"ပြောပါအသက်ကလေး..ဘာဖြစ်လို့လဲ?"
လှေကားထစ်မှသူ့ဆီသို့တစ်ရှိန်ထိုးပြေးဆင်းလာသောကလေးငယ်ကြောင့် ချော်လဲကျမှာစိုးရသေးသည်....ဘာဘဲပြောပြော Fourth Nattawat ဆိုတဲ့ကောင်လေးကဘာတစ်ခုမှအထိအခိုက်မခံနိုင်တဲ့ သူ့ရဲ့ချစ်စရာမင်းသားလေးတစ်ပါးဘဲ..!
"အသက်ကလေးရယ်..ချော်လဲမယ်လေ..ကိုကို့ကိုလန့်အောင်မလုပ်ပါနဲ့"
"ဟီး ကျတော်က နည်းနည်းစိတ်လောသွားလို့ပါနော်"
သူ့နားလာရပ်ရင်း နှုတ်ခမ်းလေးဆူကာပြောတော့ အသည်းယားလာတာကြောင့် ပေါင်ပေါ်ရှိ Laptop ကိုပိတ်ပစ်ကာ စားပွဲပေါ်ပစ်တင်လျက် ထိုအရာအစား သူ့၏မင်းသားလေးကိုသာ ပေါင်ပေါ်၌နေရာယူစေသည်...
သေးသွယ်လှသော ခါးသွယ်သွယ်လေးအားဆွဲဖက်လိုက်ရင်း အသက်ကလေး၏ ပါးဖောင်းဖောင်းလေးတွေအား နှာခေါင်းများနစ်ဝင်သွားသည်အထိ တဝကြီးနမ်းရှိုက်မိ၏..."ခ်ခ် ကိုကို..ယားတယ်ဗျာ ကျတော်ပြောစရာရှိလို့ပါဆို"
"ကဲပြော ကိုယ့်အသက်ကလေးကဘာတွေများပြောမို့လဲ?"
"ဒီနေ့ ကျတော်အပြင်ထွက်ချင်တယ်"
"ဒီပုံစံနဲ့လား?"
"အွန်းလေ"
သူမျက်မှောင်ကြုံ့လိုက်ရင်းအသက်ကလေး၏ခေါင်းစခြေဆုံးကို လျှာတစ်သပ်သပ်ဖြင့်ကြည့်လိုက်သည်...
"ကိုကို..နော်လို့..နော်ကိုကို Gem လုပ်ပါ ကျတော်အပြင်သွားချင်လို့ပါဆို"
သူ့ကော်လံစကိုဆွဲရင်း ပူဆာနေသည့်ပုံစံက အခုကျရောက်နေသည့်အန္တရာယ်တွင်းကြီးကိုထိုကောင်လေးသိပုံမပေါ်....အသက်ကလေး၏လည်တိုင်အားတစ်ချက်မျှနမ်းရှိုက်လိုက်ရင်းတောင်းဆိုမှုတစ်ခုကို သူပြုလုပ်လိုက်၏...
"ကိုယ့်ကိုခွင့်ပြုမယ်ဆိုရင် မနက်ဖြန်တစ်ရက်လုံး အသက်ကလေးစိတ်ကြိုက်သောင်းကျန်းခွင့်ပေးမယ် ဘယ်လိုလဲ?"