"ဒီနေ့ ကျွန်မတို့စေ့စပ်ပွဲကိုတက်ရောက်လာပေးကြတဲ့ မိတ်ဆွေလူကြီးမင်းများကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင့် အားလုံးဘဲလွတ်လွတ်လပ်လပ်ပျော်ပါးကြပါနော်"
အပြုံးချိုချိုဖြင့် ပြောလိုက်သည့်စကားသံအဆုံးတွင်အားလုံးဟာလက်ခုပ်တီးကြသည်...သို့သော် Gemini Norawit ကတော့မပါခဲ့....
ဟုတ်ပါတယ်..ဒါကငါ့မေမေရဲ့နောက်ယူမဲ့ယောက်ျားနဲ့စေ့စပ်တဲ့ပွဲပေါ့...ငါစေ့စပ်ပွဲမှာဆိုပေမဲ့လည်း ငါ့မျက်နှာက အိုးမဲသုတ်ထားတာထက်တောင်ဆိုးတယ်! ငါတစ်ကယ်စိတ်တိုတယ်!!! ငါ့ဖေဖေသေသွားတာငါးလဘဲရှိသေးတယ် ကြားလိုက်ရတဲ့သတင်းကနားကြားပြင်းကပ်တယ်...ငါ့မေမေကတစ်ခုလပ်ယောက်ျားတစ်ယောက်နဲ့စေ့စပ်တော့မယ်တဲ့လေ!! မဟုတ်ပါဘူး သူဘာသူတစ်ခုမကလို့နှစ်ခုလပ်လပ်ငါစိတ်ဝင်စားမနေပါဘူးနော်..စီးပွားရေးလုပ်ငန်းရှင်အချင်းချင်းမို့ငါ့မေမေသဘောကျရင်ယူပါဆိုပြီးငါလိုက်လျောခဲ့တာပါ.!!ဒါပေမဲ့ ငါမှမသိတာ အဲ့ဦးလေးကြီးမှာလဲသားတစ်ယောက်ရှိတယ်တဲ့...ငါ့ထက်တစ်နှစ်တောင်ကြီးတယ်ဆိုလားဘဲ!! အဲ့တာဆိုအဲ့အကောင်ကငါတို့နဲ့တူတူနေရင်ငါ့ကိုဆရာလာလုပ်မှာပေါ့!! ငါ့လက်မခံနိုင်ပါပေါင်...ငါတစ်ကယ်စိတ်တိုတယ် အား!!!!!!!!
မျက်မှောင်ကြီးကိုကြုံ့၍နှုတ်ခမ်းကိုတစ်တောင်လောက်ချွန်ထွက်ကာလက်ပိုက်ရင်းထိုင်နေသောသူ့ဆီသို့ နည်းနည်းကြီးမည်ဟုထင်ရသည့်ကောင်လေးတစ်ယောက်က ပုခုံးလာပုတ်သည်မို့ သူလှည့်ကြည့်လိုက်၏...
"ဘာလဲ!"
သူဒေါသထွက်နေတာမို့စကားကိုဘုဆက်ဆက်ပြောလိုက်သည်...အရှေ့တွင်ရပ်နေသောကောင်လေးကတော့ ရုပ်တည်တည်နဲ့သူ့ကိုပြော၏။
"မင်းက.. Gemini Norawit?? အန်တီ Nook ရဲ့သား ဟုတ်တယ်ဟုတ်"
"ဟုတ်တယ် မင်းကဘာလုပ်မို့လဲ"
"ငါက Fourth Nattawat မင်းအကိုဖြစ်လာမဲ့လူ"
သူ့ကိုပြောနေသောလူ၏လေသံကအေးအေးလေးနဲ့တည်တည်ငြိမ်ငြိမ်ပင်...သူ့အကိုဆိုတော့ဒါက ဟိုဦးလေးကြီးရဲ့သားပေါ့..သူသေသေချာချာအကဲခတ်လိုက်၏...ရုပ်ကလည်းချောသည် အရပ်ကလည်းသူ့ထက်မဆိုစလောက်ရှည်သည် စကားပြောဆိုပုံကလည်းတည်ငြိမ်ရင့်ကျက်တဲ့အပြင်ကို ဝတ်ဆင်ထားပုံကလည်းစတိုင်ကျ၏....နေစမ်းပါအုန်း ငါ့အကိုဖြစ်မဲ့သူကအဲ့လောက်ချောတာလား??